ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အခမ်းအနားသို့ ကြွရောက်လာကြသော ပြည်ပနိုင်ငံများမှ ဆရာတော်များအား ဖူးမြော်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 03, 2026
image_latest


ရန်ကုန် မေ ၂

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ Novotel Hotel သို့ရောက်ရှိကာ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံ ၁၄ နိုင်ငံမှ ဆရာတော်အရှင်သူမြတ်များအားဖူးမြော်၍ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့်အထိမ်းအမှတ် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ အဓိပတိ သောဠသမရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာအရှင် ဉာဏိဿရ သီတဂူဆရာတော်ကြီးအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ပနိုင်ငံ ၁၄ နိုင်ငံမှ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်လျက်ရှိသည့် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အမေရိကန်၊ မက္ကဆီကို၊ ကိုရီးယား၊ ဘူတန်နှင့် ဩစတြေးလျနိုင်ငံတို့မှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ယခုကဲ့သို့ ထေရဝါဒနိုင်ငံများနှင့် အခြားသောပြည်ပနိုင်ငံများမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား တစ်စုတစ်ဝေးတည်း ဖူးမြော်တွေ့ဆုံခွင့်ရရှိသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ယခုအခမ်းအနားကြီးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခမ်းအနားကို တက်ရောက်လာကြသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း လျှောက်ထားသည်။

ယင်းနောက် သီရိလင်္ကာနိုင်ငံ သျှာမနိကာယ ကောတေချပ်ပတာ အနု နာယကဖြစ်သူ The Most Ven. Prof Kotapitiye Rahula Anunayake Thero ကမ္ဘောဒီးယားနိုင်ငံမှ သံဃရာဇာဆရာတော်ကြီးကိုယ်စား တက်ရောက်လာသည့် Dr. Yon Seng Yeath ၊ ဩစတြေးလျနိုင်ငံမှ ဆရာတော် Thich Quang Ba ၊ အမေရိကန်ပြည်ထောင်စုမှ ဆရာတော် John David Dinsmore (အရှင်စိန္တိတ)၊ မက္ကဆီကိုနိုင်ငံမှ ဆရာတော် Angel Oscar Valentinuzzi (အရှင်နန္ဒိသေန)၊ နီပေါနိုင်ငံမှ ဆရာတော် Siddhartha Maharjan (အရှင်နိဂြောဓ)နှင့် ဆရာတော်ကြီးများက ကျေးဇူးတင်ဝမ်းမြောက် စကားများပြောကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်လာကြသည့်ပြည်ပနိုင်ငံမှ ဆရာတော်ကြီးများအား လှူဖွယ်သင်္ကန်းနှင့် ပိဋကတ်ဘာသာပြန်ကျမ်း စာအုပ်များ၊ ဓမ္မစာအုပ်များနှင့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် အမှတ်တရပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

ဗီဒီယိုများ