ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး) သို့သွားရောက်ကြည့်ရှုစစ်ဆေး


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / April 27, 2026


နေပြည်တော်၊ ဧပြီ ၂၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(တောင်ကြီး)သို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

ဦးစွာ နည်းပညာတက္ကသိုလ်(တောင်ကြီး)၏ စကေးကိုက် အကွက်ချပုံစံပေါ်မူတည်၍ အဆောက်အဦများတည်ဆောက်ထားရှိမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး အဆောက်အဦအသစ်များ ထပ်မံ ဖြည်းဆည်းဆောင်ရွက်ရာတွင် သတ်မှတ်ဇုံအလိုက် အစီစဉ်တကျနှင့် စနစ်တကျ တည်ရှိနိုင်ရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေး၊ နောင်အနာဂတ်တွင် ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန် အခြေခံအဆောက်အဦ လိုအပ်ချက်ပေါ်မူတည်၍ ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

ထို့နောက် ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က တက္ကသိုလ်နှင့်စပ်လျှဉ်း၍ တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်ဆောင်ရွက်မည့် စာသင်ဆောင်များ၊ Lab ခန်းများ၊ အလုပ်ရုံများ၊ အသစ်တည်ဆောက်မည့် ကျောင်းသား၊ ကျောင်းသူအဆောင်၊ ဒုတိယပါမောက္ခချုပ်အိမ်ယာ၊ အရာရှိအိမ်ယာများနှင့် ဆရာ၊ ဆရာမအိမ်ယာများ ဆောက်လုပ်မည့်‌ မြေနေရာ တို့ကို ကြည့်ရှုစစ်ဆေးပြီး အနာဂတ်တွင်ဖြစ်ပေါ်လာမည့် လိုအပ်ချက်များနှင့်အညီ တင်ပြဆောင်ရွက်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားကျောင်းသူများ မွေးထုတ်နိုင်ရေးနှင့် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်နေစေရေး အစဉ်ကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း၊ တက္ကသိုလ် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအား ဂရုတစိုက် ဆောင်ရွက်ပေးစေလိုကြောင်း လမ်းညွှန်မှာကြားပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)သို့ သွားရောက်၍ လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအစည်းအဝေးခန်းမတွင် ကျောင်းနှင့် စပ်လျဉ်းသည့် အချက်အလက်တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

ဗီဒီယိုများ