ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကျောက်ဆည်မြို့ရှိ ဇီဝနည်းပညာသုတေသနဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ) နှင့် နည်းပညာတက္ကသိုလ်(ရမည်းသင်း) သို့သွားရောက်ကြည့်ရှုစစ်ဆေး


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / April 29, 2026


နေပြည်တော်၊ ဧပြီ ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဧပြီလ ၂၈ ရက်နေ့တွင် ဇီဝနည်းပညာသုတေသနဦးစီးဌာန သို့သွားရောက် ကြည့်ရှု စစ်ဆေးရာ ဌာနတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန အနေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသော ဇီဝနည်းပညာသုတေသနလုပ်ငန်းများ၊ နည်းပညာပြန့်ပွားရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသန ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတကာနှင့်သုတေသန ပူးပေါင်း ဆောင်ရွက်နေမှုများ နှင့် အခြေခံအဆောက်အဦ လိုအပ်ချက်များကို ဘဏ္ဍာနှစ်လိုက် ဖြည့်ဆည်း ဆောင်ရွက်နေမှုများ ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဇီဝနည်းပညာသည် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတို့နှင့် ဆက်စပ်လျှက်ရှိပြီး နိုင်ငံတကာတွင်လည်း အလေးထားလုပ်ဆောင်လျှက်ရှိပါကြောင်း နှင့် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန်အရေးကြီးပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအသီးသီး အလိုက် တာဝန်ခံ ဆောင်ရွက်နေသော အဖွဲ့အစည်းများကို အထောက်အပံ့ဖြစ်စေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဒီဂျစ်တယ်နည်းပညာနှင့် AI နည်းပညာအသုံးချမှုများကို စဉ်ဆက်မပြတ် လေ့လာသင်ယူဆောင်ရွက်နေရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားပြီး ခင်းကျင်းပြသထားသော သုတေသန လုပ်ငန်းများ၊ လက်တွေ့ခန်းများနှင့် စိုက်ပျိုုးရေးမြေဆီလွှာ လက်တွေ့ဆန်းစစ်ပြသမှုအား ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ရှိ ငလျင်ဒဏ်သင့် ပင်မဆောင်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖြိုဖျက်ဆောင်ရွက်နေမှုများ၊ စကေးကိုက် အကွက်ချပုံစံပေါ်မူတည်၍ အဆောက်အဦများ တည်ဆောက်ထားရှိမှုများကို မြေပြင် ကွင်းဆင်းစစ်ဆေးပြီး အဆောက်အဦအသစ်များ ထပ်မံ ဖြည်းဆည်းဆောင်ရွက်ရာတွင် ငလျင်ဒဏ် ခံနိုင်ရည်ရှိသော Design Structure များဖြင့် ဆောင်ရွက်ရန်နှင့် နောင်အနာဂတ်တွင် ဖြည့်ဆည်းရမည့် လိုအပ်ချက်ပေါ်မူတည်၍ ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ပါသည်။

ဆက်လက်၍ ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နံနက်ပိုင်းတွင် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ) နှင့် နေ့လယ်ပိုင်း တွင် နည်းပညာတက္ကသိုလ်(ရမည်းသင်း) သို့သွားရောက်၍ ငလျင်ဒဏ်သင့် အဆောက်အဦ ဖြိုဖျက်နေမှုများ၊ စာသင်ခန်း၊ လက်တွေ့ခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စကေးကိုက် အကွက်ချပုံစံ အပေါ်မှုတည်၍ ဘောလုံးကွင်းများ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာနေရာ ချထားမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာ ကြားပါသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

ဗီဒီယိုများ