ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များအား တွေ့ဆုံ


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / May 11, 2026


နေပြည်တော် မေ ၉

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များအား တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေ ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြား၍ တက်ရောက်လာသူများက ပြည်ပနိုင်ငံများမှ ခရီးသွားဈေးကွက်ရရှိရေးအတွက် ဈေးကွက်မြှင့်တင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော အင်းလျားလိတ် ဟိုတယ်၊ Hotel G နှင့် The Strand ဟိုတယ်တို့သို့ ကြည့်ရှုစစ်ဆေးပြီး အဆင့်အတန်းမီသော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုများ ပေးနိုင်ရေး မှာကြားသည်။

ညနေပိုင်းတွင် “Yangon Heritage Night Run 2026” ၁၅ ကီလိုမီတာ ညအပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက် တာလွှတ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က ၅ ကီလိုမီတာပြိုင်ပွဲကို သေနတ်ပစ်ဖောက်တာလွှတ်ပေးကာ ပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

Source From:KyeMon

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 11, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on May 07, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ဗီဒီယိုများ