ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး သုတေသနစခန်းအမှတ်(၅)၊ မိုးစွေနှင့် ငလိုက်စခန်းသာဆင်စခန်းအား ကြည့်ရှု့စစ်ဆေး


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / May 21, 2026


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါ၍ မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သုတေသနစခန်း အမှတ်(၅) မိုးစွေသို့ ရောက်ရှိရာ သစ်တောသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သုတေသနစခန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ပြီး လုပ်ငန်းအတွက် အထောက်အကူပြုစေရေး၊ အကျိုးဖြစ်ထွန်းစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲများအတွက် ပျိုးပင်များ အဆင်သင့်ဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် မှာကြားသည်။

ထို့နောက် နေပြည်တော်-တောင်တွင်းကြီးလမ်းဘေးရှိ ပိတောက် ကိုင်းချိုင်ခြင်း စမ်းသပ်ကွက် (၁၀)ဧကနှင့် ကျွန်းအနက်စင်း စမ်းသပ်ကွက် (၆)ဧက၊ နေပြည်တော်-မန္တလေး အမြန်လမ်းဘေးရှိ ဝါးမျိုးစုံ စိုက်ခင်း (၁၅)ဧကနှင့် အမြန်လမ်းဘေး ဝဲ/ယာ တစ်အုပ်တစ်မစိုက်ခင်း (၅)ဧကအား သွားရောက် ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပိတောက်ကိုင်းချိုင်ခြင်း စမ်းသပ်ကွက်မှရရှိလာသည့် အပင်ကြီးထွားနှုန်း၊ အရည်အသွေး ကွာခြားမှုနှုန်းများကို သိပ္ပံနည်းကျ တိုင်းတာမှတ်တမ်းထားရှိနိုင်ရန်နှင့် ကျွန်းအနက်စင်း စမ်းသပ်ကွက်မှ ကောင်းမွန်ပြီး ရောဂါကင်းစင်သော အပင်များကို မှတ်တမ်းထားပြီး မျိုးစေ့ထုတ်လုပ် နိုင်ရန်အတွက် မိခင်ပင်(plus tree)အဖြစ် သတ်မှတ်ထိန်းသိမ်းရန်၊ ဝါးကို စနစ်တကျ စိုက်ပျိုးပြုစု ထိန်းသိမ်း ရန်နှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငလိုက်စခန်းသာဆင်စခန်းသို့ ရောက်ရှိရာ ဆင်စခန်းတာဝန်ခံမှ ဆင်စခန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေ၍ ဆင်စခန်းအား ပိုမိုသာယာလှပအောင် ဆောင်ရွက် သွားရန်နှင့် ဆင်များဖြင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သည့်အတွက် အန္တရာယ်မဖြစ်စေရေး ဆောင်ရွက် သွားရန် မှာကြားခဲ့ပြီး ဆင်စခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

ဗီဒီယိုများ