ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ကြည့်ရှုစစ်ဆေး
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် Naypyitaw State Academy ကို သုတေသနရှေ့ပြေးတက္ကသိုလ်အဖြစ် ထူထောင်ရေး ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 22, 2026
နေပြည်တော် ဧပြီ ၂၁
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ ရောက်ရှိပြီး အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုကာ Naypyitaw State Academy တွင် Centre for Research and Innovation(CRI) ဖွင့်လှစ်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတက Naypyitaw State Academy ကို သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့ပြီးဖြစ်သဖြင့် အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များကို လာရောက်လေ့လာခြင်းဖြစ်ပါကြောင်း၊ Naypyitaw State Academy သည် နိုင်ငံ့ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေ့ပြေး Pilot Project များကို အမြဲတမ်းပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် Centre for Research and Innovation (CRI) ကို စတင်ထူထောင်အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ Naypyitaw State Academy တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များ၊ နိုင်ငံတကာအဆင့်မီ သုတေသနစက်ပစ္စည်းများ သင့်တင့်စွာ ဖြည့်ဆည်းထားပြီးဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးရှိပြီး ထိရောက်သော သုတေသနများ ထွက်ပေါ်လာစေရန် ရက် ၁၀၀ အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
Digital Education နှင့် ပတ်သက်၍ Digital Learning Platform ကို ဆောင်ရွက်ရမည်ဖြစ်ရာ သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System-LMS) ကို စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာ Artificial Intelligence (AI) နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ AI tools များကို အသုံးပြု၍ Lecture များ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ကြစေလိုကြောင်း၊ ဆရာ ဆရာမများ ကိုယ်တိုင် LMS Platform ကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်တန်းများ ပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ Naypyitaw State Academy ကစတင်ကာ LMS Platform ကို အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ လူရည်ချွန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Naypyitaw State Academy တွင် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ လူရည်ချွန်စီမံကိန်း အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Naypyitaw State Academy တွင် Centre for Research and Innovation(CRI) တည်ထောင်နိုင်ရေးအတွက် အမှန်တကယ်လိုအပ်သည့် စက်ပစ္စည်းများကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Learning Management System(LMS) နှင့် ပတ်သက်၍ Naypyitaw State Academy တွင် Digital Education ၏ အခြေခံအဆောက်အအုံများဖြစ်သည့် Smart TV၊ Digital Learning Centre၊ LMS စနစ်နှင့် မြန်နှုန်းမြင့်အင်တာနက်လိုင်းများကို တပ်ဆင်ပေးထားပြီးဖြစ်သဖြင့် သင်ကြားရေး၊ သုတေသနနှင့် တီထွင်မှုလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြသည်။
ယင်းနောက် Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာနုနုလွင်နှင့် ပါမောက္ခ (ဌာနမှူး) များက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်စခန်းများ ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ သက်ဆိုင်ရာကော်မတီအသီးသီးက မိမိတို့၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီဥက္ကဋ္ဌများက မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026
