ပြည်မြို့နယ် ထိန်ရုံကျွန်း‌တောစုကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် ဆပ်ပြာ၊ခေါင်းလျှော်ရည်သင် တန်းဖွင့်ဆင်းပွဲပြုလုပ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 11, 2026
image_latest


ပြည်မြို့နယ် ထိန်ရုံကျွန်း‌တောစုကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် ဆပ်ပြာ၊ခေါင်းလျှော်ရည်သင် တန်းဖွင့်ဆင်းပွဲပြုလုပ်
=====================================
ပြည်၊ မေ-၉
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးလက်ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကျွမ်းကျင်လုပ်သားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်‌ပေးခဲ့သောအသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊‌ ခေါင်း လျှော်ရည်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထိန်ရုံကျွန်းတောစုကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
     ရှေးဦးစွာ ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ခေါင်းလျှော်ရည်သင်တန်းဖွင့်လှစ်သင် ကြားပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုး ကျေးဇူးများ၊ သင်တန်းမှပို့ချပေးခဲ့သည့် ဆပ်ပြာ၊ ခေါင်းလျှော်ရည်ထုတ်လုပ်မှု အတတ်ပညာများကို လက်တွေ့လုပ်ငန်းနယ်ပယ်တွင် မိသားစုအတွက် အပိုဝင်ငွေရှာဖွေပေးနိုင်သည်အထိ ကြိုးစားစေလိုကြောင်းရှင်းလင်းပြေကြားသည်။
      ထို့နောက် အခမ်းအနားသို့တက်ရာက်လာကြ သည့် ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင် ရာတာဝန်ရှိသူများမှ အမှတ်တရပစ္စည်းလက် ဆောင်များ၊ သင်တန်းဆင်းလက်မှတ်များကို ပေး အပ်ခဲ့ကြောင်းသိရသည်။
      အဆိုပါအသက်မွေးဝမ်းကျောင်းအထောက်အ ကူပြု ဆပ်ပြာ၊ခေါင်းလျှော်ရည်သင်တန်းသို့ ထိန်ရုံ ကျွန်းတောစုကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေး ရွာများမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ကြောင်း၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်ထုတ် လုပ်မှုနှင့်ပတ်သက်၍ ကျွမ်းကျင်နည်းပြဆရာမများက ၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့မှ စတင်၍ ၅ ရက်ကြာ စာတွေ့လက်တွေ့နှစ်မျိုးဖြင့် အခမဲ့သင် ကြားပေးခဲ့ကြောင်း ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဌေးဇော်ထံမှသိရသည်။
ချိုလေး
 

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 11, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on May 07, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ဗီဒီယိုများ