ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ သွားရောက်ကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 17, 2026
image_latest


နေပြည်တော် ဧပြီ ၁၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော်ရင်ပြင်၌ကျင်းပသည့် လမ်းလျှောက်သင်္ကြန်သို့သွားရောက်၍ မြန်မာ့ရိုးရာသင်္ကြန် ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဇနီးနှင့်အဖွဲ့သည် ဉာဏသိဒ္ဓိ မိသားစုမဟာသင်္ကြန်ရေကစား မဏ္ဍပ်သို့သွားရောက်၍ နိုင်ငံကျော်အဆိုတော်များ၏ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်နေမှုနှင့် ယိမ်းအကအဖွဲ့များ၏ အကအလှများဖြင့် ကပြဖျော်ဖြေနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဇနီးနှင့်အဖွဲ့သည် လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း ဝန်ကြီးဌာနအလိုက် ရေကစားမဏ္ဍပ်များတွင် ပြည်သူများအတာရေသဘင်ပွဲဆင်နွှဲနေမှုနှင့် ဌာနအလိုက်ဝန်ထမ်းများက စတုဒိသာအကျွေးအမွေးများဖြင့် တည့်ခင်းဧည်ခံနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးပြီး သင်္ကြန်ပွဲတော်ကို ပြည်သူများနှင့် အတူတကွ ပါဝင်ဆင်နွှဲခဲ့သည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ