ဖြူးမြို့နယ်၌ သမဝါယမကဏ္ဍ ဆောင်းသီးနှံစိုက်ပျိုးထားမှု အခြေအနေများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
ဖြူးမြို့နယ်၌ သမဝါယမကဏ္ဍ ဆောင်းသီးနှံစိုက်ပျိုးထားမှု အခြေအနေများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / December 04, 2025
ဖြူး ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းတွင် စီမံကိန်း ဆောင်းသီးနှံစိုက်ပျိုးထားမှု အခြေအနေများကို သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်း၊ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးရန် မြေပြင်ထားမှုအခြေအနေများနှင့် သမဝါယမအသင်းသား ဦးမောင်ဆန်း စိုက်ပျိုးထားသည့် ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး အထွက်နှုန်းတိုးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သမဝါယမကဏ္ဍမှ ဆောင်းသီးနှံမတ်ပဲ (၃၄၂)ဧက၊ ပဲဒီစိမ်း(၂၀)ဧက၊ ဆောင်းမြေပဲ(၂၀)ဧက၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ်(၃၀)ဧကနှင့် နွေစပါး(၁၀၀)ဧကတို့အား သမဝါယမအသင်းအစီအစဉ်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
Myanmar National Human Rights Commission Statement (16/ 2025)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on December 03, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on December 02, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on November 29, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
