ဘားအံခရိုင် Community Centre ၌ ကျောင်းသား၊ကျောင်းသူ ၁၄၀ ဦးဖြင့် နွေရာသီအခြေခံသင်တန်းများဖွင့်လှစ်
ဘားအံခရိုင် Community Centre ၌ ကျောင်းသား၊ကျောင်းသူ ၁၄၀ ဦးဖြင့် နွေရာသီအခြေခံသင်တန်းများဖွင့်လှစ်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 10, 2026
ဘားအံ - မတ် (၁၀)
နွေရာသီကျောင်းအားလပ်ရက်များတွင် ကျောင်းသား၊ကျောင်းသူများအချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre တွင် ကျောင်းသား၊ကျောင်းသူ ၁၄၀ ဦး ဖြင့် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီ သင်တန်းတို့ကိုဖွင့်လှစ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများတက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုသင် တန်းများမှသင်ကြားပို့ချပေးမည့်ပညာရပ်များသည် လူငယ်လူရွယ်များအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်ပြီး အခြေခံ တတ်မြောက်ခြင်းမှသည် ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်သည်အထိ လေ့လာမှတ်သားကြစေလိုပြီး ပညာရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်များတွင် အထိုက်အလျောက်အထောက်အကူပြုနိုင်သည့်အတွက်ကြောင့် ကြိုးကြိုးစားစားလေ့လာ သင်ယူကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီသင်တန်းများအတွက် ငွေကျပ် ၆၁၉၄၀၀ဝိ/-(ခြောက်ဆယ်တစ်သိန်း ကိုးသောင်းလေးထောင်ကျပ်)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးထံ ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သက်ဆိုင်ရာသင်တန်းခန်းမများတွင် သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ စာတွေ့လက်တွေ့သင်တန်းများဆွေးနွေးပို့ချပေးနေမှုအခြေအနေများကို လှည့်လှည်ကြည့်ရှု အားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ အဆိုပါသင်တန်းကို မတ်လ ၁၀ ရက်နေ့မှ ၃၁ ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဘားအံမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့်သာသနာရေးဆိုင်ရာအဆောက်အဦများ တွင် ရောက်ရှိတည်းခိုနေထိုင်ကြသော ကျောင်းသား၊ကျောင်းသူ၊မိဘ၊ဆရာ၊ဆရာမများအား သွားရောက်တွေ့ဆုံအားပေး ၍ စားသုံးကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ထိုသို့တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘားအံမြို့၊ အမှတ်(၁၁)အခြေခံပညာ မူလတန်းကျောင်း၌ ရောက်ရှိတည်းခိုနေသော ကော့ရင်းကျေးရွာနှင့်ဖဲကတာကျေးရွာတို့မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမ၊ မိဘအုပ်ထိန်းသူများ၊ ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ရောက်ရှိတည်းခို နေသော ဇာသပြင်ကျေးရွာနှင့်ကော့လမုကျေးရွာတို့မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမ၊ မိဘအုပ်ထိန်းသူများ၊ ဘားအံမြို့ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းတွင်ရောက်ရှိတည်းခိုနေသော ကော့ရင်း(အောက်)ကျေးရွာနှင့် ဝဲကြီးကျေးရွာတို့မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမ၊ မိဘအုပ်ထိန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထား၍ ပြီးမြောက်အောင်မြင်စွာဖြေဆိုကြကာ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ကြပါစေကြောင်း အားပေးစကားများပြော ကြားကာ ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ အစရှိသော စားသုံးကုန်ပစ္စည်းများကို အခမဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူများ တည်းခိုနေထိုင်ရာနေရာ ထိုင်ခင်း၊ လျှပ်စစ်မီး၊ သောက်ရေ၊ သုံးရေ၊ သန့်စင်ခန်း ပြည့်စုံလုံလောက်မှုရှိစေရေး၊ စိတ်အေးချမ်းသာစွာစာမေးပွဲ ဖြေဆို နိုင်ရေးလှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပြီး ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၄)ခု၌ ကျောင်းသား၊ကျောင်းသူ ၃၉၅၂ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရပါသည်။











သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ကြေငြာချက်များ
အများပြည်သူသို့ အသိပေးကြေညာခြင်း
နေပြည်တော်ကောင်စီ / Posted on March 13, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
