ဘားအံတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများဆုချီးမြှင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 17, 2026


ဘားအံ - ဇန်နဝါရီ (၁၇)

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဓာတုဗေဒဘောလုံးအသင်းနှင့် သင်္ချာဘောလုံး အသင်းတို့ အကြိတ်အနယ်ကြိုးစားယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါဗိုလ်လုပွဲစဉ်တွင် ပွဲစကားချိန်မိနစ် ၉၀ အတွင်း တစ်ဖက် ၂ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ အချိန်ပိုတွင် ဂိုးထပ်သွင်းနိုင်ခြင်းမရှိသည့်အတွက် ပင်နယ်တီ အဆုံးအဖြတ် ၇ ဂိုး ၅ ဂိုးဖြင့် သင်္ချာအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ဘားအံတက္ကသိုလ်၏ ဆောင်ရာသီအားကစားပြိုင်ပွဲအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် စုစုပေါင်းအားကစားနည်း(၄)မျိုးတွင် ကျောင်းသား၊ကျောင်းသူ ၃၉၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အပြီးတွင် ဘားအံတက္ကသိုလ်၏ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဆက်လက် ကျင်းပရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီး မီတာ (၁၀၀ x ၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီးမီတာ (၄၀၀ x ၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ၊ ဘာသာရပ်ပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုရရှိကြသူများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ တတိယဆုရရှိသော ညွှန့်ပေါင်းဘောလုံးအသင်းနှင့် ဒုတိယဆုရရှိသော ဓာတုဗေဒ ဘောလုံးအသင်း တို့အား တစ်ဦးချင်းငွေသားဆုနှင့် ဆုဖလားများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘာသာရပ် ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော သင်္ချာဘာသာရပ်အမျိုးသားဘောလုံးအသင်းအား တစ်ဦးချင်း လည်ဆွဲဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 18, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 17, 2026

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 16, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023