ဘားအံမြို့မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်များဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / April 13, 2026


ဘားအံ - ဧပြီ (၁၃)

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစ၍ မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနများမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ကြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုက ၂၀၂၄ ခုနှစ် (၁၉)ကြိမ်မြောက် ညီလာခံတွင် အတည်ပြုသတ်မှတ်ပေးခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသံ သာများနှင့်အတူ စတုဒိသာမဏ္ဍပ်များ၊ မြန်မာ့ရိုးရာသနပ်ခါးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ပြည်နယ်သူ၊ပြည်နယ်သား များအားလုံး လုံခြုံစိတ်ချစွာဖြင့် အေးအေးချမ်းချမ်းအပန်းဖြေနိုင်ရန်နှင့်အနှစ်သာရရှိရှိ စည်စည်ကားကား ကျင်းပနိုင်ရန် ပြင်ဆင်ပေးထားပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကစပြီး အေးချမ်းမှု၊ ယုံကြည်မှု၊ စာနာနားလည်မှု အပြည့်နှင့်အတူ မိမိတို့လုပ်ငန်းများကို ပျော်ရွှင်စွာဆောင်ရွက်ရင်း ပြည်နယ်အကိုး၊ နိုင်ငံ့အကျိုးကိုလည်း သယ်ပိုးဆောင် ရွက်နိုင်ကြပါစေကြောင်း၊ နှစ်သစ်သို့ကူးပြောင်းရာတွင် ပြည်နယ်သားများအားလုံးမျှော်လင့်တောင့်တနေကြသည့် ထာဝရ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဆီသို့ တစ်ဦးကိုတစ်ဦး လက်တွဲမဖြုတ်ဘဲ ညီညီညွှတ်ညွှတ်ဖြင့် လျှောက်လှမ်း ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုူ ကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်ရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မဟာသင်္ကြန်ယိမ်းအက အဖွဲ့များက မြူမှောင်ဝေကင်း တေးသီးချင်းဖြင့်တွဲ့ဖက်၍ စုပေါင်းကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက တက်ရောက်လာသော ယိမ်းအကအဖွဲ့များ၊ တပ်မတော်နှင့်ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများအား အမွှေး နံ့သာရည်၊ အောင်သပြေခက်တို့ဖြင့် အတာရေအေးပက်ဖြန်း၍ ပျော်ရွှင်စွာစုပေါင်းရေကစားခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘားအံမြို့၊ ကမ်းနားလမ်းရှိ ဖားစည်မြေ မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေကစားမဏ္ဍပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေး ရာဝန်ကြီးနှင့်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က လူမှုရေးရာဝန်ကြီးဌာနစုပေါင်းရေကစားမဏ္ဍပ်၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအတာသင်္ကြန်မဏ္ဍပ်၊ စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့်တာဝန်ရှိသူများက စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရေကစားမဏ္ဍပ်တို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ်းနားလမ်းတစ်လျှောက်ရှိ ရေကစားမဏ္ဍပ်များတွင် သင်္ကြန်လှပျိုဖြူများ၏ယိမ်းအကနှင့်ကပြဖျော် ဖြေမှုများအား ကြည့်ရှုအားပေး၍ သပြေခက်ဖြင့် အတာရေအေးပက်ဖြန်း၍ အေးချမ်းပျော်ရွှင်စွာရေကစားခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ရေတွန်းပန့်များ၊ ရေပိုက်များ၊ ရေပန်းများ တပ်ဆင်အသုံးပြု၍ ရောင်စုံထီးအလှများ၊ ပန်းအလှများ၊ စတုဒိသာမဏ္ဍပ်များဖြင့် အများပြည်သူစိတ်အေးချမ်းသာစွာ မဟာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားသော ဘားအံမြို့၊ ကမ်းနားလမ်း(ခေမာလမ်းနှင့် အင်ကုန်းလမ်းကြား) လမ်းလျှောက်သင်္ကြန် (ပေ၁၀၀၀)၊ ကန်သာယာပတ်လမ်းဖြစ်သော ချစ်သူလမ်းကြားတွင် လမ်းလျှောက်သင်္ကြန် (ပေ ၁၀၀၀)၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ပန်းခြံနှင့်ပြည်နယ်လွတ်တော်ရုံးရှေ့တွင် လမ်းလျှောက် သင်္ကြန် (ပေ ၉၀၀)တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လျှောက်လမ်းရေပန်းများ၊ လောင်းလှေများ၊ ထီးအလှများ၊ ပန်းအလှ များဖြင့် ဝေဝေဆာဆာအလှဆင်ထားသော လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ကြကာ စတုဒိသာမဏ္ဍပ်များမှတည်ခင်း ဧည့်ခံသော စားဖွယ်များကို ဒေသခံပြည်သူများနှင့်အတူသုံးဆောင်၍ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဇွဲကပင်လမ်းလျှောက်သင်္ကြန် မဏ္ဍပ်သို့ရောက်ရှိပြီး ယိမ်းအကလှပျိုဖြူလေးများ၏ သင်္ကြန်ယိမ်းအကဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဖွင့်ပွဲကို ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှိ မဟိုမဏ္ဍပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ် နှစ်သစ်ကူးမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ စီစဉ်ဆောင်ရွက်သကဲ့သို့ ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ တပင်တိုင်အကများကလည်း တက်တက်ကြွကြွဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်အကများဖြင့် ယှဉ်ပြိုင်ကြပြီး မြန်မာ့ရိုးရာအတာသင်္ကြန်၏ ယဉ်ကျေးမှုနှင့်အညီ ပျော်ရွှင်စွာရေပက်ကစားကြမည့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်နှင့်အတူ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်တို့တွင်လည်း ပျော်ရွှင်စွာဆင်နွှဲရင်း နှစ်သစ်တွင် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြစေလိုကြောင်း ဆုမွန်ကောင်းစကားပြောကြားသည်။

အဆိုပါပြိုင်ပွဲသို့ ကိုယ်ပိုင်သံစဉ်ယိမ်း(၁၂)ဖွဲ့၊ ကော်ပီသံစဉ်ယိမ်း(၁၄)ဖွဲ့နှင့် တပင်တိုင်အကပြိုင်ပွဲဝင်(၁၃)ဦးက ဧပြီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ နှစ်ကြော့ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ယိမ်းအဖွဲ့များနှင့် တပင်တိုင်အကပြိုင်ပွဲ များ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ