ဘားအံမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းနှစ်မျိုး၏ သင်တန်းဆင်းပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 22, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းနှစ်မျိုး၏ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ရှိ ကန်သာဦးဟိုတယ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကရင်ပြည်နယ် ဘားအံမြို့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ ၌ ပေးအပ်ချီးမြှင့်သည့် အာဆီယံခရီးသွားစံနှုန်းဆုတစ်ခုဖြစ်သည့် အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော်ဆု (ASEAN Clean Tourist City Award) ကို ရရှိခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ ယနေ့သင်တန်း ကို တက်ရောက်ခဲ့သည့် သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်မည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကောင်းမွန်သော ဝန်ဆောင်မှုများဆောင်ရွက်ပေးပြီး မိမိတို့ဒေသရှိ ခရီးစဉ်နေရာများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သာယာလှပစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ် ဘားအံမြို့ရှိ ကန်သာဦးဟိုတယ်၊ Hotel Karen Valley ၊ Zwekapin Valley Spa Resort & Spa Hotel နှင့် စိုက်ပျိုးရေးကို အခြေခံသောခရီးသွားလုပ်ငန်း Kawt MaYan Resort တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဟိုတယ်ဝန်ဆောင်မှုကောင်းမွန်စေရန်အတွက် အလေးထားဆောင်ရွက်ကြရန်၊ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်ကြရန်၊ ဟိုတယ်တွင် လာရောက်တည်းခိုကြသော ဧည့်သည်များ၏ ဘေးကင်းလုံခြုံရေးအတွက် ဂရုပြုကြရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကရင်ပြည်နယ်သည် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သော ဒေသခံများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရေ၊ မြေ၊ တော၊ တောင်သဘာဝအလှနေရာများ များစွာရှိသည့်အတွက် ၎င်းတို့ကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ကရင်ပြည်နယ် လူငယ်စင်တာသို့ သွားရောက်ပြီး ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် “လူငယ်နှင့် ခေါင်းဆောင်မှု” လူငယ်စကားဝိုင်း၊ နွေရာသီစားပွဲတင်တင်းနစ်သင်တန်း၊ စစ်တုရင်သင်တန်း၊ ကျောင်းပေါင်းစုံတယောသင်တန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းရှိ အိပ်ဆောင်များ၊ အိမ်တွင်းမှုခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ပန်းချီသင်တန်း၊ အကခန်း၊ ဘုရားခန်းများသို့ သွားရောက်ကြည့်ရှုပြီး သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားပြောကြားသည်။

ထို့နောက် GYM အားကစားခန်းမ၊ စားပွဲတင်တင်းနစ်အားကစားခန်းမနှင့် ဖူဆယ်အားကစားရုံ၊ ဖူဆယ်အားကစားရုံတွင် နွေရာသီ ဖူဆယ်ဘောလုံးသင်တန်းဖွင့်လှစ်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နည်းပြများအားတွေ့ဆုံ၍ ကရင်ပြည်နယ် ဖူဆယ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ် ဘားအံခရိုင်ရှိ အောင်သံလွင်ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်း တွင်းခြံစည်းရိုး (Inner Fencing) ကို အမြဲတမ်းတောက်ပနေစေရန် ထုံး၊ ကော်ရည်နှင့် ဆေးများဖြင့် သုတ်လိမ်းသွားရန်လိုကြောင်း၊ အမြဲစိမ်းလန်းစိုပြည်ပြီး သန့်ရှင်းမှုရှိစေရေးအတွက် သစ်ပင်ချုံနွယ်များကို နေ့စဉ်သန့်ရှင်းရေးများ ပုံမှန်ပြုလုပ်၍ ရှင်းလင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်နယ်ကွင်း အဆင့်မီအောင် လုပ်ရမည်ဖြစ်ကြောင်း၊ ရေစင်များကို သန့်ရှင်းအောင်ထားရှိရန်လိုကြောင်း၊ အများပြည်သူများ လာရောက်လေ့ကျင့်ကစားချင်စိတ်ဖြစ်စေရေးအတွက် အစဉ်အမြဲသာယာလှပအောင် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 21, 2026

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 18, 2026

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ