မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံရှိ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများအား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံရှိ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများအား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 10, 2026
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်း၊ အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ် များအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လုယက်ယူဆောင်ခြင်းသည့် အကြမ်းဖက်မှုလုပ်ရပ် များကို လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇ ရက် နံနက် ၁ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ PDF အမည်ခံ အကြမ်းဖက်သမား အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး ဆေးရုံအနီး၌ မိုင်းများထောင်ခြင်း၊ ဆေးရုံဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်၍ ဆေးရုံရှိ ဆေးဝါးများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဝန်ထမ်းအသုံးအဆောင်ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ အများပြည်သူအား ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးနေသည့် တိုက်နယ်ဆေးရုံအတွင်း ဝင်ရောက်ကာ ဆေးရုံဝန်ထမ်းများအား လက်နက်အားကိုးဖြင့် အကြမ်းဖက် ခြိမ်းခြောက်၍ ဆေးဝါးနှင့်အသုံးအဆောင်ပစ္စည်းများအားကို လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။