မကွေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / January 16, 2026
image_latest


မကွေး ဇန်နဝါရီ ၁၅

          မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၃၀၀ အသုံးပြု၍ မြို့ရှောင်လမ်းမှ အလယ်ချောင်း- သဖန်းဆိပ်လမ်း ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးမင်းထွန်းတို့က ဇန်နဝါရီ ၁၄ ရက်က ကွင်းဆင်းစစ်ဆေးသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မကွေးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)တို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

           အဆိုပါရေကျော်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

Myanmar National Human Rights Commission Press Statement

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on January 15, 2026

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on January 15, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 16, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023