မင်းဘူးမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၂၀၀ လွှဲပြောင်းပေးအပ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 22, 2026
image_latest


မင်းဘူးမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၂၀၀ လွှဲပြောင်းပေးအပ်

မင်းဘူး မေ ၂၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူနေမှု အဆင့်အတန်းမြင့်မား‌ စေရန် နှင့် ဆင်း ရဲမှု လျော့ကျစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု  ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်မည့် စီမံကိန်း ကျေးရွာ  ငါး ရွာ သို့ ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို  မေလ ၂၀ ရက် နေ့ နံနက် ပိုင်း က ပိုက်သင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

    ရှေ့ဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ရွှေထွန်းကအဖွင့်အမှာစကားပြောကြားပြီး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့် က အမှာစကားပြောကြားသည်။
    ဆက်လက်၍ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် မှ စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက် နှင့် စီမံကိန်း လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာသူ၊သားများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

         ထိုနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ရွှေထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့် နှင့် တာဝန်ရှိသူများက ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် နန်းတော်ကုန်း ကျေးရွာ နှင့် ထိန်တော ကျေးရွာ လုပ်ငန်းအဖွဲ့များ ထံသို့ ကျပ်သိန်း ၃၀၀ စီ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)  ဆောင်ရွက်မည့်  ကုန်းတန်း ကျေးရွာနှင့် ကမ်းနီ ကျေးရွာကော်မတီဝင်များထံသို့ ကျပ်သိန်း ၁၅၀ စီ  နှင့် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံ‌ ငွေ ထူထောင်ခြင်း စီမံကိန်း   ( RBF ) ဆောင်ရွက်မည့် ပိုက်သင်ကျေးရွာ လုပ်ငန်း အဖွဲ့ထံသို့ ရန်ပုံငွေ ကျပ် ၃၀၀ သိန်း  အသီးသီး  လွှဲပြောင်း ပေးအပ်သည်။

          အဆိုပါအခမ်းအနားသို့ ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ကျေးရွာ ၅ ရွာ မှ  ကျေးရွာဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင် ၅  ဦးစီ တက်ရောက်ခဲ့ကြကြောင်း  မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးကျော်မင်းထွန်း ပြောပြ၍ သိရသည်။

ဇင်မာ

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

ဗီဒီယိုများ