မင်းဘူးမြို့နယ် ကျောက်စံ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ အဌမအကြိမ် ထုတ်ချေး
မင်းဘူးမြို့နယ် ကျောက်စံ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ အဌမအကြိမ် ထုတ်ချေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 14, 2026
မင်းဘူးမြို့နယ် ကျောက်စံ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ အဌမအကြိမ် ထုတ်ချေး
မင်းဘူး မေ ၁၄
သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးတောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ကျောက်စံ ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ အဌမ အကြိမ် ပြန်လည်ထုတ်ချေးခြင်းကို မေ ၁၃ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကျေးရွာအရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် ကမြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လက်စွဲစာစောင်ပါ လမ်းညွှန် ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း က ချေးငွေထုတ်ချေးယူမည့် အသင်းဝင်များအနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုသည့်အချက်များ၊ ကျေးရွာနေ ပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဥပဒေ၊နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် ၊မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များက ကျောက်စံ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ အဌမ အကြိမ်အဖြစ် ဆီထွက်သီးနှံ စိုက်ပျိုးမည့် တောင်သူ ၁၀၇ ဦး ထံသို့ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ ကျပ်သိန်း ၃၃၅ သိန်း တိတိ ထုတ်ချေးပေးခဲ့ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် ထံမှ သိရသည်။
ဇင်မာ
သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 13, 2026
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန / Posted on May 12, 2026
