မန္တလေးငလျင်ကြီးကြောင့် လယ်ယာကဏ္ဍ၌ ထိခိုက်ခဲ့မှုများအား ပြန်လည်ပြုပြင်မွမ်းမံခြင်းကို စိုက်ပျိုးရာသီအချိန်မီ စီမံဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 09, 2025
image_latest


နေပြည်တော် မေ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ညနေပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာ(တောင်ကန်) ကန်ပေါင်အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှုနှင့် လမ်းဦးစီးဌာနက လမ်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာ(တောင်ကန်) ကန်ပေါင်ပြန်လည်ပြုပြင် တည်ဆောက်မှုလုပ်ငန်းနှင့်အတူ တာပေါင်ဆင်ခြေလျှောတစ်လျှောက်၌ မြက်ကပ်ခြင်းအပါအဝင် တာပေါင်ရေရှည်ကြံ့ခိုင်ရေးအတွက် လိုအပ်သည့် အင်ဂျင်နီယာလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်ရန်မှာကြားပြီး ကန်ပတ်လမ်းတည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် မိတ္ထီလာ(တောင်ကန်) ကန်ပေါင်ပြုပြင်ခြင်းလုပ်ငန်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာ တာပိုးပြုပြင်သည့် မြေကြီးလုပ်ငန်းများပြီးစီးပြီဖြစ်ကာ ကန်ပတ်လမ်းတည်ဆောက်ရေးလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ် ဥယျာဉ်တောကျေးရွာ တောင်သူ့စိုက်ကွင်း၌ နှမ်းသီးနှံမျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ဆင်းရတနာ-၃၊ နှမ်းနက် (TBL-BS7)၊ နှမ်းဖြူ(TBL S-1)၊ မကွေး-၁/၁၃၊ ဆင်းရတနာ-၁၄ နှမ်းမျိုးများ ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် ဒေသရေမြေနှင့်ကိုက်ညီပြီး တောင်သူကြိုက်နှမ်းမျိုးများ ရွေးချယ်ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးတာဝန်ခံများအနေဖြင့် တောင်သူများအား ကွင်းဆင်းကြပ်မတ်တိုက်တွန်းသွားရန်၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ပြည်တွင်းစားသုံးဆီဖူလုံရေး အထောက်အကူပြုစေမည့် သီးနှံအထွက်နှင့် ဆီအထွက်နှုန်းကောင်းမွန်သည့် နှမ်းသီးနှံမျိုးကောင်း မျိုးသန့်များကို တောင်သူစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023