မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲ ကျင်းပမည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 02, 2025
image_latest


နေပြည်တော် ဇူလိုင် ၁

မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Friday Night Live Show အစီအစဉ်အဖြစ် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။

မန္တလေးတက္ကသိုလ်ကြီးကို ၁၉၂၅ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နှစ် (၁၀၀) ပြည့် မြောက်မည်ဖြစ်သကဲ့သို့ မန္တလေးမြို့မ တူရိယာအသင်းကြီးကလည်း ရာပြည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဂုဏ်ယူစွာတီးခတ်ဖျော်ဖြေ ပေးမည်ဖြစ်ရာ နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် သန်းမြတ်စိုး၊ ဖိုးသောကြာ၊ အိအိ ချွန်၊ မစံပယ်တို့နှင့်အတူ မန္တလေးမြို့မ တူရိယာအသင်း၏ ပင်တိုင်တေးသံရှင်များဖြစ်ကြသည့် ညီနေမင်း (မြို့မ)၊ အောင်မျိုးမြင့်၊ ကျော်ဌေးအောင်၊ စွမ်းရည်ထက်၊ ကျော်ဇင်၊ မြတ်နုသွေးနှင့် ပန်းအိန္ဒြေထက် (ပန်းလေး) တို့ကလည်း မန္တလေးတက္ကသိုလ်၏ အနှစ်သာရများကို ပေါ်လွင်ထင်ရှားစေသည့် ခေတ်အဆက်ဆက် ကျော်ကြားခဲ့သည့် မြို့မတေးသံသာများဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။

အစဉ်အလာကြီးမားသည့် မန္တလေးတက္ကသိုလ်ကြီးမှ ပညာရှင်များ၊ ထူးချွန်ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ စသည့်ထူးချွန်ပုဂ္ဂိုလ်ပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ရာ “မန္တလေးတက္ကသိုလ်ကြီး၏ ရာပြည့်အထိမ်းအမှတ်” ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertain-ment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်၍ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဇူလိုင် ၆ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။                    

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 02, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 02, 2025

၁။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်း၊ အမှတ် (၄၉) တွင် ပါတီရုံးချုပ်တည်ရှိသော ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၄-၆-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း...

အမည်မည်းစာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 02, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023