မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ စက်မှုဇုန်(၂)လမ်း၌ ဆီကြိတ်စက်ရုံ မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 27, 2026


   ၂၀၂၆ ခုနှစ်၊ မတ် ၂၆ ရက် နံနက် ၄ နာရီ ၅၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ စက်မှုဇုန်(၂)လမ်းရှိ ပိုင်ရှင် ဦးတိုးတိုး(၅၉)နှစ်၏ “အောင်ဇဗ္ဗူဟိန်း” ဆီကြိတ်စက်ရုံအား ငှားရမ်းလုပ်ကိုင်သူ ဒေါ်ချိုဇင်ဝင်း၏ ၅၀ x ၃၀ ပေ၊ သွပ်မိုး၊ နံကပ်၊ ကွန်ကရစ်ခင်း တစ်ထပ် အဆောက်အအုံအတွင်း နှမ်းဖက်မှော်များစုထားရာမှ အောင်းပူဖြစ်၍ အပူလွန်ကဲပြီး အနီးရှိ နှမ်းချ ဇကာခုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိတ္ထီလာခရိုင်၊ မြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

   အဆိုပါ မီးလောင်မှုကြောင့် ၅၀ x ၃၀ ပေ၊ သွပ်မိုး၊ နံကပ်၊ ကွန်ကရစ်ခင်း တစ်ထပ် အဆောက်အအုံ တစ်လုံး၊ နှမ်းဆီ သုံးပိဿာ၊ တရုတ်နိုင်ငံထုတ် ဆီကြိတ်စက်အဟောင်း နှစ်လုံး၊ နှမ်းချဇကာခုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် စက်ရုံငှားရမ်းလုပ်ကိုင်သူ ချိုဇင်ဝင်း အား မိတ္ထီလာမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on March 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 26, 2026

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက်...

ဗီဒီယိုများ