မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တို့တွင် တရားမဝင် သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ် ၁ ဘီလီယံ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈ တန်ကျော် ဖမ်းဆီးရမိ

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 07, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၁ ရက်က ညနေ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၂၆ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အိမ်ရှင် ကိုဦးနှင့်အတူ ဇော်ဝင်းနိုင်(ခ)ဖိုးသားတို့အား တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၀၂၅ တန်၊ TOYOTA HILUX SURF မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ကဖင်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ မန္တလေးမြို့သို့ NISSAN ခြောက်ဘီး မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြသည့် ယာဉ်ပိုင်ရှင် မတင့်တင့်အေး၊ နိုင်လင်း၊ ဖြိုးကိုကိုနှင့် နိုင်ချိန်းအောင်တို့ လေးဦးအား မန္တလေးမြို့၌ ဆက်လက် ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့၏ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ကဖင်းများအား ကလေးမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခိုင်းသူ ညီညီဇော်(ခ)ဖိုးငယ်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြို့သာ ရပ်ကွက်ရှိ နေအိမ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် SANGDA KSD MPV မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ယင်း၏ဖော်ထုတ်ချက်အရ ကလေးမြို့နေ ကဖင်းအိတ်များပိုင်ရှင် မခင်မို့မို့အေး(ခ)အန်တီမိုးနှင့် ပူးပေါင်းပါဝင်ခဲ့သည့် နေမျိုးလင်း(ခ)ရော့ကီ (ခ)မုတ်ဆိတ်၊ မကြွယ်သင်ပါးရ်အီး(ခ)ပါးရ်အီးနှင့် ခိုင်လင်းထွဋ်တို့ လေးဦးအား ကလေးမြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ကလေးမြို့နယ်၊ စမ်းမြို့ရပ်ကွက်ရှိ လားရင်မွှာနာ (ခ)မွမ်သဲ၏နေအိမ်မှ ကဖင်း ၃ ဒသမ ၈ တန် ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် မန္တလေးမြို့၌ ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၀၂၅ တန်(တစ်ကီလိုလျှင် ငွေကျပ် ၄ သိန်း နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၄,၁၀၀)၊ ကလေးမြို့တွင် ဖမ်းဆီးရမိသည့် ထိန်းချုပ် ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၈ တန်(တစ်ကီလိုလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၎င်းဒေသကာလ တန်ဖိုး ငွေကျပ် ၁ ဒသမ ၁၄ ဘီလီယံ)၊ စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၄ ဒသမ ၈၂၅ တန် (၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၅၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများအား မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှ ကလေးမြို့သို့ လည်းကောင်း၊ ကလေးမြို့မှ မန္တလေးမြို့သို့လည်းကောင်း တရားမဝင် တင်သွင်းသယ်ဆောင်ရောင်းဝယ်သူမှာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့၊ မြန်မာ-အိန္ဒိယနယ်စပ်နေ မမားစောဆန်းအီး(ခ)ဆန်းအီး (ခ)သဲသဲ(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 03, 2026
မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-