မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ရေနံစိမ်းများ သယ်ဆောင်လာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 10, 2025


      ၂၀၂၅ ခုနှစ်၊ မေ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ရေနံစိမ်းများ သယ်ဆောင်လာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ချောက်ဘုရားလှဆိပ်ကမ်းအနီး၌ ဧရာဝတီမြစ်အတွင်း ထန်းခြောက်ပင်ကျေးရွာမှ လက်ထုပ်ကျေးရွာသို့ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာနေ မင်းသူ(၃၁)နှစ်မောင်းနှင်ပြီး ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာနေ အောင်ဇော်မျိုး (၂၃)နှစ် လိုက်ပါလာသည့် စက်လှေအား မသင်္ကာသဖြင့်စစ်ဆေးရာ ရေနံစိမ်းပီပါ ၅၀ လုံး၊ ဂါလန် ၂၀၀၀ ခန့် (တန်ဖိုးငွေကျပ် သိန်း ၂၅၀ ခန့်)နှင့် ပီပါခွံ ၅ လုံးတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်မေးရာ ပုဂံမြို့သစ်၊ ရတနာသိင်္ဃရပ်ကွက်နေ ချစ်သဲမောင်(၃၆)နှစ် ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် မင်းသူ၊ အောင်ဇော်မျိုးနှင့် ချစ်သဲမောင်တို့ သုံးဦးအား ညောင်ဦးမြို့မရဲစခန်း (ပ)၄၁/၂၀၂၅၊ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023