မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ တရားမဝင် သယ်ဆောင်ရောင်းဝယ်သည့် ဓာတုပစ္စည်း Glacial Acetic Acid ၂၅,၅၀၀ လီတာ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ တရားမဝင် သယ်ဆောင်ရောင်းဝယ်သည့် ဓာတုပစ္စည်း Glacial Acetic Acid ၂၅,၅၀၀ လီတာ ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 20, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်အထားမဲ့ သိုလှောင်ထားသည့် Glacial Acetic Acid ၃၀ လီတာစီပါ ပလတ်စတစ်ပုံး ၈၅ဝ ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဓာတုပစ္စည်းများအား အခကြေးငွေပေး၍ သိမ်းဆည်းထားရန် စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ စွယ်တော်လမ်းရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဇွန် ၁၂ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ဓာတုပစ္စည်းများအား ရန်ကုန်မှ ပျော်ဘွယ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဒလမြို့ရှိ နေအိမ်တွင်လည်းကောင်း၊ ဇွန် ၁၄ ရက် နံနက် ၆ နာရီတွင် ဓာတုပစ္စည်းများအား တရားမဝင် တင်ပို့ပေးသူ အောင်အောင်ဦး(ခ)ကိုခန့်အား ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ၁၅၂ လမ်းရှိ နေအိမ်တွင်လည်းကောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဓာတုပစ္စည်းများအား တရားမဝင် ရောင်းချခဲ့သူ နေအောင်လှိုင်သိန်း(ခ)နေအောင်အား ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်းရှိ နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါဓာတုပစ္စည်းများကို ရန်ကုန်မှ အောင်ပန်းသို့ သယ်ဆောင်ရောင်းဝယ်ရာတွင် စီမံခန့်ခွဲသူမှာ ထွန်းလင်းနိုင်ဖြစ်ကြောင်း သိရှိရပြီး မူးယစ်ဆေးဝါးနှင့်စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်ရာ၌ အသုံးပြုရန် ရည်ရွယ်၍ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on June 20, 2025
Myanmar National Human Rights Commission Statement (6/ 2025)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on June 20, 2025
မြန်မာနိုင်ငံပြန်တမ်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 20, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။