မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် မိသားစုဝင် နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် မိသားစုဝင် နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 15, 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပြည်သာယာ(တောင်)ရပ်ကွက်နေ မလှိုင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးသိန်းဟန်(၅၆)နှစ်သည် ဇနီး ဒေါ်နှင်းနှင်းလှိုင်(၅၄)နှစ်နှင့် သားဖြစ်သူ မလှိုင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ နေ့စားဝန်ထမ်း ကိုနေယံလင်း(၂၄)နှစ် တို့နှင့်အတူ မလှိုင်မြို့မှ မိတ္ထီလာမြို့သို့ မိတ္ထီလာ-မလှိုင်သွားကားလမ်းအတိုင်း ၎င်းပိုင် MDY-14/ 4I-XXXX MAZDA CX-5 မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် မလှိုင်မြို့နယ်၊ သဘွတ်ကုန်းကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်၍ ရပ်တန့်ခိုင်းကာ ဦးသိန်းဟန်နှင့် ၎င်း၏မိသားစုဝင် နှစ်ဦးတို့အား အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 15, 2025
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 15, 2025
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 15, 2025
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း