မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသွားမော်တော်ယာဉ် နှစ်စီးအား အကြမ်းဖက်လုယက်ယူဆောင်
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသွားမော်တော်ယာဉ် နှစ်စီးအား အကြမ်းဖက်လုယက်ယူဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 14, 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်း၊ အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်များ၊ ခရီးသွားမော်တော် ယာဉ်များအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းရင်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က နေပြည်တော်မှ မြင်းခြံမြို့သို့ ထွက်ခွာလာသည့် “ပြည်တော်အေး” မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ မြင်းခြံမြို့နေ ကိုဘတင့် မောင်းနှင်လာသည့် 6H-XXXX ဟွန်ဒိုင်း အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်နှင့် ပခုက္ကူမြို့နေ ကိုနိုင်လင်းဦး မောင်းနှင်လာသည့် 5J-XXXX ဟွန်ဒိုင်း အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်တို့အား တားဆီး၍ ယာဉ်ပေါ်ပါ ယာဉ်မောင်း နှစ်ဦး၊ ခရီးသည်များနှင့် ကုန်ပစ္စည်းများအား “ငွေလမင်း” ခရီးသည်တင်မော်တော်ယာဉ်ဖြင့် မြင်းခြံမြို့သို့ တင်ဆောင်စေလွှတ်ပေးခဲ့ပြီး အဆိုပါမော်တော်ယာဉ် နှစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ခရီးသည်တင်မော်တော်ယာဉ်များအား အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 16, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 15, 2025
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၃/ ၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on October 15, 2025