မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ တရုတ်- အာဆီယံ ၁၀ နိုင်ငံအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး
မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ တရုတ်- အာဆီယံ ၁၀ နိုင်ငံအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 26, 2025

နန်နင်း မေ ၂၅
မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးဆန်းဦး (မင်းလပြည့်-ဟားခါး) တို့သည် မေ ၂၄ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ ကွမ်းရှီးမင်ဇူးတက္ကသိုလ်တွင် စတင်ကျင်းပသည့် တရုတ်-အာဆီယံ ၁၀ နိုင်ငံလူငယ်စာပေဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တရုတ်နိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌအပါအဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့မှ စာရေးဆရာအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်စာရေးဆရာများတက်ရောက်ပြီး မိမိတို့နိုင်ငံ လူငယ်စာပေဖွံ့ဖြိုးရေးဆိုင်ရာအခြေအနေများကို အလှည့်ကျဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် နိုင်ငံတော်အစိုးရကိုယ်တိုင်ဦးဆောင်၍ လူငယ်စာပေပွဲတော်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ လူငယ်စာပေအကျိုးပြု လူငယ်စာပေများကို အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုများချီးမြှင့်လျက်ရှိကြောင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေး၊ ငယ်စဉ်ကလေးဘဝမှ စ၍မိမိတို့နိုင်ငံကိုချစ်မြတ်နိုးစိတ် မြင့်မားလာစေရေးတို့အတွက် သက်ဆိုင်ရာနိုင်ငံများအလိုက် စာရေးဆရာများ၏အခန်းကဏ္ဍလွန်စွာအရေးကြီးကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ တရုတ်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၄၆ ဦး တက်ရောက်ကြကြောင်းနှင့် အစည်းအဝေးကိုရသစာပေမျှဝေခံစားရေး၊ အခြားလေ့လာရေး ခရီးစဉ် များနှင့်တွဲဖက်ကာ မေ ၃၀ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။
ကြေငြာချက်များ
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 22, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 23, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် နေ့သင်တန်းများ ဖွင့်လှစ်ကြောင်းကြေညာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 22, 2025