မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ASEAN Para Sports Federation (APSF) Board of Governor (BoG) အစည်းအဝေးတက်ရောက်
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ASEAN Para Sports Federation (APSF) Board of Governor (BoG) အစည်းအဝေးတက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 20, 2026
နေပြည်တော် ဇန်နဝါရီ ၁၉
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Asean Para Sports Fe-deration (APSF) Board of Governor (BoG) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နာခွန်ရစ်ချာဆီးမား (ခိုရတ်) မြို့ Kantary Hotel ရှိ Lamtakong ခန်းမ၌ကျင်းပရာ အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ မြန်မာမသန်စွမ်း အားကစားအဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌဒေါက်တာ တင်မောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ Board of Governor (BoG) Chairman Dr. Kittipong Potimu က အဖွင့်အမှာစကားပြောကြားပြီး Thailand ASEAN Para Games Organization Committee (THASOC)မှ တာဝန်ရှိသူတစ်ဦးက (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကျင်းပမည့် အစီအစဉ်များနှင့် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ၂၀၂၇ ခုနှစ်တွင် (၁၄) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မလေးရှားနိုင်ငံမှ Board of Governor (BoG) က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသူများ က 31st ASEAN Para Sports Federa-tion(APSF) Board of Governor (BoG) အစည်းအဝေးမှတ်တမ်းကိုလည်းကောင်း၊ 36th EXCO အစည်းအဝေးမှတ်တမ်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လတွင် APSF အထွေထွေညီလာခံကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပနိုင်ရေးကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့ပြီး Board of Governor (BoG) Chairman က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် အားကစားအဖွဲ့ ခေါင်းဆောင်များ (Chef-de-Mission) အစည်းအဝေးကို Kantary Hotel (Korat) ရှိ Lamtakong ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မောင်လှိုင်အပါအဝင် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ ခေါင်းဆောင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အားကစားသမားများ တည်းခိုနေထိုင်စားသောက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအစီအစဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကော်မတီများက ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 19, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 19, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 18, 2026