မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ
မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 26, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၅
တပေါင်းလပြည့်နေ့တွင် ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး အခမ်းအနားကို နဝရတ်ကတိသစ္စာ သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့သည် ပြည်သူလူထု၏ ကျန်းမာရေးကိုတိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ခဲ့ကြသော တိုင်းရင်းဆေးသမားတော်ကြီးများ၏ ကြိုးစားအားထုတ်မှုများကို အမှတ်တရပြုဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် သမားတော်ကြီးများက မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို အစဉ်အလာမပျက် ကျင်းပခဲ့ကြောင်း၊ တိုင်းရင်းဆေးသမားတော်များ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အဖိုးတန်အမွေအနှစ်များကို မျိုးဆက်သစ်တိုင်းရင်းဆေးဆရာများထံ လက်ဆင့်ကမ်းရန်၊ မျိုးဆက်သစ်လူငယ်များအကြား တိုင်းရင်းဆေးပညာကို စိတ်ဝင်စားလာစေပြီး မြန်မာ့တိုင်းရင်းဆေးပညာ၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကိုဆက်စပ်ကာ ခေတ်မီဆေးပညာနှင့်ပေါင်းစပ်၍ ပြည်သူ၏ ကျန်းမာရေးစနစ်အတွင်း တိုင်းရင်းဆေးပညာ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း၊ ရှေးတိုင်းရင်းဆေးသမားတော်ကြီးများ၏ အတွေ့အကြုံ၊ စူးစမ်းလေ့လာမှု၊ အနစ်နာခံဆောင်ရွက်မှုတို့မှ မွေးဖွားလာသော မြန်မာ့တိုင်းရင်းဆေးပညာကို ယနေ့အချိန်တွင် တိုင်းရင်းဆေးသိပ္ပံမှ တိုင်းရင်းဆေးတက္ကသိုလ်အဆင့်အထိ တည်ထောင်နိုင်ခဲ့ခြင်းကြောင့် တိုင်းရင်းဆေးရုံ၊ ဆေးခန်းများဖြင့် ဖွံ့ဖြိုးလာပြီဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် မြန်မာ့တိုင်းရင်းဆေးပညာကို သိပ္ပံနည်းကျသုတေသနများဖြင့် အထောက်အထားပြုလုပ်ခြင်း၊ ခေတ်မီဆေးပညာနှင့် ပေါင်းစပ်အသုံးချခြင်း၊ လူငယ်မျိုးဆက်များကို စနစ် တကျပညာပေးသင်ကြားခြင်း၊ နိုင်ငံတကာအဆင့်နှင့်အညီ မြှင့်တင်ခြင်းတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယနေ့အခမ်းအနားမှ မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်သူ့ကျန်းမာရေးအတွက် အမြဲအားထားရမည့် အင်အားတစ်ရပ်အဖြစ် တည်တံ့ခိုင်မြဲစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက သက်ကြီး၊ ဝါကြီး တိုင်းရင်းဆေးသမားတော်ကြီးများအား ဂါရဝပြုလက်ဆောင်နှင့် သိပ္ပကျော်စွာဘွဲ့ရ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယကတိုင်းရင်းဆေး ဆရာကြီးဦးမြင့်လွင်အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက သက်ကြီး၊ ဝါကြီးတိုင်းရင်းဆေး သမားတော်ကြီးများအား ဂါရဝပြုလက်ဆောင်ပေးအပ်ပြီး စွမ်းဆောင်ရည်ဆုနှင့် သင်တန်းထူးချွန်ဆုရရှိသူ တိုင်းရင်းဆေးဆရာများအား ဆုများပေးအပ်ချီးမြှင့်ရာ စွမ်းဆောင်ရည်ဆုရ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တိုင်းရင်း ဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 24, 2026
ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့...
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
အခွန်အယူခံခုံအဖွဲ့ / Posted on February 24, 2026
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on February 24, 2026
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
