မြိတ်မြို့နယ် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 14, 2026
image_latest


မြိတ်မြို့နယ် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

‎************************************************************************

‎မြိတ်          မေ       ၁၄

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် မြိတ်မြို့နယ်၊ စလွန်းကျေးရွာနှင့် အနောင်မင်းသန်းကျေးရွာတို့၌ မြစိမ်းရောင်စီမံကိန်းဖြင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုး၊ မြိတ်မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စလွန်းကျေးရွာနှင့် အနောင်မင်းသန်းကျေးရွာတို့၌ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများဖြင့် တနိုက်တပိုင် မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် လအလိုက် ဖြည့်သွင်းရသည့် စာရင်း ဇယားများ ပြည့်စုံမှု ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက မြစိမ်းရောင် ကျေးရွာစီမံကိန်းအသင်းသူ/သားများအား တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်ပြီး မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးပွားလာစေရန်အတွက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင် ကျေးရွာရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၆၉ ဦးကို ငွေကျပ် ၅၄၁ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၈ ဦးကို ငွေကျပ် ၇၉ သိန်း၊ စုစုပေါင်း စီမံကိန်းအသင်းသူ/သား ၇၇ ဦးကို ငွေကျပ်သိန်း ၆၂၀ အား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်း မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

ဗီဒီယိုများ