မြောက်ဥက္ကလာပမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် သမဝါယမအသင်းအမှုဆောင်များနှင့် အသင်း၀န်ထမ်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်လှစ်ပို့ချ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 13, 2026
image_latest


မြောက်ဥက္ကလာပ မေ ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် သမဝါယမအသင်းအမှုဆောင်များနှင့် အသင်း၀န်ထမ်း များအား စာရင်းရေးသွင်းနည်းနှင့် စာရင်းသဘောတရားများနားလည်စေရန်နှင့် စွမ်းဆောင်ရည် မြှင့်မားလာစေရန် ရည်ရွယ်၍ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို မြို့နယ်သမဝါယမအသင်းစု လီမိတတ်ရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဟိန်း တို့က အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်က ရက် ၁၀၀ စီမံချက်ဖြင့် သမဝါယမအသင်း အမှုဆောင်များနှင့် အသင်း၀န်ထမ်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်း (Book keeping) သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရက် ၁၀၀ စီမံချက်ဖြင့် သမဝါယမအသင်းအမှုဆောင်များနှင့် အသင်း၀န်ထမ်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို မြို့နယ်အတွင်းရှိ အသင်းအမှုဆောင်များနှင့် အသင်း ၀န်ထမ်းများ စုစုပေါင်း ၆၈ ဦး တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ မေ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

ဗီဒီယိုများ