မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး သုံးဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 12, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၁၀ ရက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး သုံးဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၁၀ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံသွားကားလမ်း မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သထုံ-ဘားအံသွား ကားလမ်းအတိုင်း ဘားအံမြို့မှ သထုံမြို့ဘက်သို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်နေ ဦးနေလင်းစိုး(၃၀)နှစ် မောင်းနှင်လာသည့် MON-10/7N-XXXX HONDA FIT မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်ဘက်မှ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနေ မဇူလိုင်မိုး(၂၀)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေသူများဖြစ်သည့် မနေခြည်ကျော်(၁၉)နှစ်နှင့် မအေးအေးအောင်(၁၉)နှစ်တို့ လိုက်ပါလာသော MON/31W-XXXX HONDA DREAM 125 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် မဇူလိုင်မိုး၊ မနေခြည်ကျော်နှင့် မအေးအေးအောင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးနေလင်းစိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် နေလင်းစိုး အား သုဓမ္မဝတီနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 11, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 11, 2026

ဗီဒီယိုများ