ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / January 22, 2026
နေပြည်တော်၊ ဇန်နဝါရီလ ၂၂ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဟောပြောဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း (၁၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ရဲအုပ် ဦးမင်းထွေးက တက်ရောက်လာသော အရာထမ်း၊ အမှုထမ်းများအား လိုက်နာကျင့်သုံးရမည့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် တက်ရောက်ကြသော အရာထမ်း၊ အမှုထမ်းများမှ သိရှိလိုသည်များအား ပြန်လည်၍ မေးမြန်းခဲ့ကြပြီး အခမ်းအနားအား နံနက် (၁၁:၃၀) တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 21, 2026
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 21, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ