ယာယီနေရပ်စွန့်ခွာထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 18, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၇

တရားမဝင်ပြည်ပထွက်ခွာအလုပ်သမားများလျှော့ချနိုင်ရေး၊ အခြေခံအလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သက်သာချောင်ချိရေး၊ တိုင်းရင်းသားဒေသများမှ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေး နည်းလမ်းများနှင့် ပတ်သက်သည့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကော်မတီ၏လုပ်ငန်းစဉ်တစ်ရပ်အဖြစ် တရားမဝင်ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်နှင့် အလုပ်ရှင်များဘက်မှဆောင်ရွက်ပေးရမည့်ကဏ္ဍများ၊ လုပ်ငန်းခွင်တွင် ကျွမ်းကျင်အလုပ်သမားများရှားပါးလာမှု၊ အခြေခံအလုပ်သမားများ၏ လူမှုဖူလုံရေး၊ လုပ်ငန်းခွင်သက်သာချောင်ချိရေးနှင့်ပတ်သက်ပြီး အစိုးရနှင့်လုပ်ငန်းရှင်များဘက်မှ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေ၊ တိုင်းရင်းသားဒေသများမှ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာလာသော ထိခိုက်လွယ်အုပ်စုများအတွက် သင့်လျော်သောအလုပ်အကိုင်များ ရရှိနိုင်ရေးအတွက် သင်တန်းများပေးခြင်းအပြင် အလုပ်အကိုင်ဖန်တီးနိုင်ရေးနည်းလမ်းများနှင့် ပတ်သက်၍ အစိုးရနှင့်သက်ဆိုင်ရာလုပ်ငန်းရှင်များဘက်မှ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များကို ယနေ့ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးသည်။

အဆိုပါအစည်းအဝေးသို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 18, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု...

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 18, 2025

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

တာဝန်မှအနားယူခွင့်ပြုခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 18, 2025

တာဝန်မှအနားယူခွင့်ပြုခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023