ရက် (၁၀၀)စီမံချက်ဖြင့် ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (အခမဲ့) ဖွင့်လှစ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2026
image_latest


ရက် (၁၀၀)စီမံချက်ဖြင့် ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (အခမဲ့) ဖွင့်လှစ်

=================================================================================================================================

ကျောင်းကုန်း မေလ ၄

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၊ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင် ရက် (၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ  အသက်မွေးဝမ်းကျောင်းအထောက် အကူပြုစေရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကို  မေလ ၄ ရက်နေ့  နံနက်ပိုင်းက ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာထိန်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအေး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ တက်ရောက်ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ  အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးတင်မောင်ဌေးက သင်တန်းသားများအနေဖြင့် သင်တန်းကသင်ကြားပေးမည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ၊ အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့ နယ်ပယ်တွင် အကျိုးရှိရှိအသုံးချနိုင်ရန် ကြိုးစားသင်ကြားစေလိုကြောင်းနှင့် ဦးစီဌာနမှ ရှေ့ဆက်လက် ဖွင့်လှစ်မည့် သင်တန်းများနှင့် ပတ်သက်၍   ရှင်းလင်းဆွေးနွေးပြောကြားသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း သို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရွှေလှေကြီးကျေးရွာ၊ ပျော်ဘွယ်ကုန်း ကျေးရွာ၊ ကျုံတာကျေးရွာ၊ ကျားကိုက်ချောင်းကျေးရွာ၊ ချောင်းဝကျေးရွာ၊ ဝက်ခြံဂရက်ကျေးရွာ၊ ရေခလုတ်ကျေးရွာ ၊ သက္ကယ်ကုန်းကျေးရွာ၊ ရင်ဆိုင်ကျေးရွာများမှ သင်တန်းသူ ၂၀ ဦးတက်ရောက်ကြပြီး သင်တန်းတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာနှင့် ပတ်သက်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြဆရာ (၁)ဦး က စာတွေ့၊လက်တွေ့ နှစ်မျိုးစလုံးဖြင့် မေလ (၄)ရက်နေ့ မှ မေလ  (၈) ရက်နေ့အထိ (၅)ရက်ကြာ (အခမဲ့) သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရသည်။         

 

 

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

ဗီဒီယိုများ