ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် မင်္ဂလာဒုံမြို့နယ်၌ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းဖြင့် မော်တော်ဆိုင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / April 24, 2026
image_latest


ရန်ကုန်၊ ဧပြီ ၂၄

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေတိုးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားရပ်ကွက် ၌ ကျင်းပသည်။

          ဦးစွာ တိုင်းဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ယခု သင်တန်းသည် ရက် (၁၀၀) အတွင်း လုပ်ငန်းရှင်(၁၀၀)ပေါ်ပေါက်လာစေရေး စီမံချက်လုပ်ငန်းများမှ (၁)ခုအပါအဝင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဝင်ငွေတိုးစီမံကိန်းသည် လုပ်ငန်းထူထောင်မည့်သူ(၅)ဦးရွေးချယ်၍ လုပ်ငန်းထူထောင် နိုင်ရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်သောကြောင့် မိမိတို့ရပ်ကွက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်ဝန်းကြိုးစားဆောင်ရွက်ကြရန်၊ ယခုဘဏ္ဍာရေး နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဝင်‌ငွေတိုးစီမံကိန်း(၂၀)ခု ဆောင်ရွက်ရန်လျာထား လျှက်ရှိပါ ကြောင်း‌၊  ယခင်၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်‌ဖော်ခဲ့သည့် လှည်းကူးမြို့နယ်၊ ဇရပ်ကွင်း ကျေးရွာမှ မော်တော် ဆိုင်ကယ်ပြုပြင် ဆိုင်လုပ်ငန်းထူထောင်သူများသည် လုပ်ငန်းအောင်မြင်မှုများ ရရှိနေပြီ ဖြစ်သောကြောင့် လုပ်ငန်းတိုးချဲ့နိုင်ရန် သမဝါယမအသင်းနှင့် ချိတ်ဆက်ကာ ချေးငွေထုတ်ချေးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်ယခုသင်တန်း တက်ရောက်လာသူများအနေဖြင့်လည်း စိတ်ပါဝင်စားစွာဖြင့် မပျက်မကွက် ကြိုးစားတက်ရောက် ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းတွင် သင်တန်းသား (၁၅)ဦးအား မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာရပ်များကို ကိုယ်ပိုင်လုပ်ငန်း ထူထောင် နိုင်သည်အထိ ဧပြီလ (၂၄) ရက်နေ့မှ ဇွန်လ (၁၃)ရက်နေ့အထိ (၁)လခွဲကြာ စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်းသင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ပြီး ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)အတွင်း ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

ဗီဒီယိုများ