ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းမကြီး၌ ယာဉ်တိုက်မှု
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းမကြီး၌ ယာဉ်တိုက်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 02, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းမကြီး၊ စံပယ်ဦးထမင်း ဆိုင်ရှေ့တွင် ထောက်ကြန့်မှ အင်းစိန်သို့ ယာဉ်မောင်း ဦးသုတလင်း(၄၇)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် AYY-15၊ GG-XXXX TOYOTA PASSO အမျိုးအစား အပြာရောင် TAXI ယာဉ်သည် YGN-5၊ 6N-XXXX HYUNDAI အမျိုးအစား အဖြူရောင် YBS-41 ယာဉ်အား ဝင်ရောက်တိုက်မိ၍ အရှိန်ဖြင့် ကားနောက်ဖင်မှာ ဘေးသို့ရမ်းသွားပြီး နောက်မှမောင်းနှင်လာသော YGN-40၊ 9K-XXXX CHEVROLET MALIBU အမျိုးအစား အဖြူရောင်ယာဉ်၏ ဘေးခြမ်းအား ထပ်ဆင့်တိုက်မိမှုဖြစ်ပွားကြောင်း သ တင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်၍ ယာဉ်အမှတ် AYY-15၊ GG-XXXX TOYOTA PAS SO အမျိုးအစား အပြာရောင် TAXI ယာဉ်၏ ခေါင်းခန်းအတွင်း သေဆုံးနေသော ယာဉ်မောင်း ဦးသုတလင်း အား နံနက် ၇ နာရီတွင် ကူညီထုတ်ပေးခဲ့ပြီး အင်းစိန်မြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်အမှတ် AYY-15၊ GG-XXXX TOYOTA PASSO အမျိုးအစား အပြာရောင် TAXI ယာဉ်၏ ယာဉ်မောင်း ဦးသုတလင်း သေဆုံးခဲ့ပြီး အဆိုပါ TAXI ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲယာမီးကြီးကွဲ၊ ဘောနပ်ဖုံးပိန်ချိုင့်၊ ရှေ့ဘန်ဘာပြုတ်ထွက်၊ ဝဲဘက်နောက်မီးကြီးကွဲ၊ ဝဲဘက်နောက် ဘန်ဘာဘော်ဒီပိန်ချိုင့်၊ ဝဲဘက်နောက်ဖုံးပိန်ချိုင့်၊ YGN-5၊ 6N-XXXX HYUNDAI အမျိုးအစား အဖြူရောင် YBS-41 ယာဉ်၏ ဝဲဘက်နောက်ဘန်ဘာဘော်ဒီပိန်ချိုင့်၊ ဝဲဘက်နောက်မီးကြီးကွဲ၊ YGN-40၊ 9K-XXXX CHEVROLET MALIBU အမျိုးအစား အဖြူရောင်ယာဉ်၏ ရှေ့ယာဘက်မီးကြီးကွဲ၊ ရှေ့ယာဘက်ဘော်ဒီပိန်ချိုင့်၊ ရှေ့ဝဲဘက်ဘီးတာယာကွဲ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးသုတလင်း အား ထောက်ကြန့် နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
“(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးအားရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 03, 2026
“(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးအားရောင်းချပေးမည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 02, 2026
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 02, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
