ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၌ အထည်ချုပ်စက်ရုံ မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၌ အထည်ချုပ်စက်ရုံ မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 20, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၌ ပိုင်ရှင် Mr.Zhang Junjian (တရုတ်နိုင်ငံသား) (၅၅)နှစ်နှင့် ဦးအောင်နိုင်စိုး(၄၄)နှစ်တို့ ပူးတွဲပိုင်ဆိုင်သော ၃၅၀ x ၁၄၀ ပေ၊ Steel Structure နှစ်ထပ် “STRAIGHTEX” အထည်ချုပ်စက်ရုံ(ဥရောပနိုင်ငံများသို့ အဝတ်အထည်များ တင်ပို့သည့်စက်ရုံ)၌ အဝတ်အထည်များအား မီးပူတိုက်ပြီး မီးပူခလုတ်မပိတ်ပဲ ထားခဲ့ရာမှ အပူလွန်ကဲပြီး အဝတ်အထည်များသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၈၇ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၃၅၀ x ၁၄၀ ပေ၊ Steel Structure နှစ်ထပ် အထည်ချုပ်စက်ရုံ အဆောက်အအုံရှိ ၁၅၀ x ၆၀ ပေ၊ Roof Stab ပြိုကျပျက်စီးခြင်း၊ ပိတ်လိတ် ၃၀၀ လိတ်၊ ပိတ်ဖြတ်စနှင့် အဝတ်အထည်များ၊ အပ်ချုပ်စက် ၃၀ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် စက်ရုံမန်နေဂျာ ဒေါ်မီမီဇော် အား ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 18, 2026
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
တာဝန်မှအနားယူခွင့်ပြုခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 18, 2026
တာဝန်မှအနားယူခွင့်ပြုခြင်း
ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းအား ထပ်မံရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း
ကာကွယ်ရေးဝန်ကြီးဌာန / Posted on February 18, 2026
