ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလျှောက်နေသူ နှစ်ဦးအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလျှောက်နေသူ နှစ်ဦးအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 21, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းလျှောက်နေသူ နှစ်ဦးအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ “ထွန်း” ဆေးခန်းအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အောင်မြန်မာလမ်းအတိုင်း တောင်မှ မြောက်သို့ သာကေတမြို့ နယ်၊ အမှတ်(၂)ရပ်ကွက်(တောင်)နေ ဦးမျိုးမင်းဇော်(၄၅)နှစ် မောင်းနှင်လာသော YGN-22/5I-XXXX ISUZU မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လားရာတူ ၎င်း၏အရှေ့မှ လမ်းလျှောက်နေသည့် ဗိုလ်ချုပ်ကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်ခင်ညို (၆၄)နှစ်နှင့် ကိုနေသူရှိန်(၂၄)နှစ်တို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်ခင်ညိုတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုနေသူရှိန်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မျိုးမင်းဇော် အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တင်ဒါခေါ်ယူခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 04, 2026
တင်ဒါခေါ်ယူခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း