ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဘေးတွဲဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့မှုကြောင့် လမ်းလျှောက်နေသူ အမျိုးသမီး နှစ်ဦး သေဆုံး

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 31, 2026

    ၂၀၂၆ ခုနှစ်၊ မေ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဘေးတွဲ ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် လမ်းလျှောက်နေသူ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၂၉ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းရှေ့၊ ရန်ကုန်-ပြည်ကားလမ်းမပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း မြောက်မှတောင်သို့ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာနေ ဦးထွန်းထွန်းလှိုင်(၄၉)နှစ် မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ မျက်နှာချင်းဆိုင်ဘက်မှ လမ်းလျှောက်လာသော မှော်ဘီမြို့နယ်နေသူများဖြစ်သည့် ဒေါ်မြင့်မြင့်သွယ် (၄၆)နှစ်နှင့် ဒေါ်စန်းမူ(၅၄)နှစ်တို့အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်မြင့်မြင့်သွယ်နှင့် ဒေါ်စန်းမူတို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ထွန်းထွန်းလှိုင် အား တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။

ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

ဗီဒီယိုများ