ရေကြည်မြို့နယ် စာဖြူစု ကျေးရွာ၌ ရက်၁၀၀ စီမံချက်ဖြင့် VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2026
image_latest


ရေကြည်မြို့နယ် စာဖြူစု  ကျေးရွာ၌   ရက်၁၀၀ စီမံချက်ဖြင့်  VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

ရေကြည်  မေ ၄

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ဧရာဝတီတိုင်းဒေသကြီး  ကျုံ‌‌ ပျော်ခရိုင် ရေကြည် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျားချောင်  ကျေးရွာအုပ်စု၊ စာဖြူစု  ကျေးရွာတွင် VDPစီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို မေလ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ရေကြည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး က  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ နှင့် လုပ်ငန်းစဉ်များ ၊    စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များ၊ ကော်မတီဝင်များ၏ တာဝန်များနှင့် အကျုံးဝင်သောစီမံကိန်းလုပ်ငန်းများ‌အ‌ကြောင်း ကို ရှင်းလင်း ပြောကြားသည်။
        ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးလိန်းကွီး နှင့် တာဝန်ရှိသူများ၊ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဝင် ခုနှစ်ဦး ကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာမှ ဖော်ထုတ်ရရှိမည့် ဦးစားပေးစီမံချက်လုပ်ငန်းများအနက် ဦးစားပေး(၁) ဖြစ်သည့် လုပ်ငန်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီးမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀  အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရေကြည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလိန်းကွီး ပြောပြ၍ သိရသည်။

ဇင်မာ

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026

ဗီဒီယိုများ