ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်ယူခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေး
ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်ယူခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 09, 2026
နေပြည်တော် ဧပြီ ၈
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ ပူးပေါင်း၍ နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိပြီး တွင်းတူးဖော်ထုတ်ယူခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ဧပြီ ၇ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းဌာနကြီးကြပ်မှု အောက်ရှိဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ရန် အဆိုပြုတင်ပြထားသည့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်နိုင်ရန် စာချုပ်များချုပ်ဆိုပြီး ပြည်တွင်းရေနံထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်နိုင်စေရန် လုပ်ဆောင်နေသည့် အခြေအနေ၊ ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေ၊ ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ခြင်းလုပ်ငန်းများတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တူးဖော်ရေးလုပ်ငန်းများအား ထိန်းကျောင်းကြပ်မတ်သွားမည့် အစီအမံ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးသွားမည့် အစီအမံ၊ လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်သည့်အချိန်တွင် ဒစ်ဂျစ်တယ်နည်းပညာအခြေပြု စောင့်ကြည့်ကြပ်မတ်သွားမည့် အစီအမံများကို ဦးဆောင်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့်ဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ် (Operating Agreement) မူကြမ်းပါအချက်များ၊ တွင်းတူးဖော်ခြင်း အစီအစဉ် (Drilling Program) နှင့် တွင်းတူးဖော်မည့် အစီအစဉ် (Well Policy) လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြမှုများအပေါ် တက်ရောက်လာသည့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ချိန်တွင် အဆင်ပြေချောမွေ့စေရေးအတွက် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး စွမ်းအင်ဝန်ကြီးဌာနရှိ ဦးစီးဌာန/ လုပ်ငန်းများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကာ ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
အခွန်အယူခံခုံအဖွဲ့ / Posted on April 09, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 03, 2026
မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်
