ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / September 14, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဟဲဟိုး-ကလောကားလမ်း သီခေါင်တောင်အတက်လမ်းကွေ့အနီး၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဟဲဟိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဟဲဟိုးမြို့၊ အမှတ်(၅)ရပ်ကွက်နေ စအောင်မျိုးခိုင် (၂၂)နှစ် မောင်းနှင်ပြီး မြင့်မြတ်အောင်(၁၇)နှစ် လိုက်ပါလာသည့် MDY-14/5N/XXXX ISUZU ခြောက်ဘီးယာဉ်ဖြင့် အမှိုက်များတင်ဆောင်၍ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းယာဘက်ဘေးတွင် ရပ်ထားသည့် ထော်လာဂျီယာဉ်အား ဝင်ရောက်တိုက်မိပြီး လမ်းဘေးကျောက်ဆောင်အား ထပ်မံတိုက်မိခဲ့ကာ စအောင်မျိုးခိုင်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဟဲဟိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သောကြောင့် စအောင်မျိုးခိုင်အား ဟဲဟိုးနယ်မြေရဲစခန်း ယာဉ်(ပ)၁၆/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025
ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 12, 2025
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း