ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 10, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ မကွေ့ကျေးရွာဓာတ်အားခွဲရုံအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၊ ဇေယျကွက်သစ်ရပ်ကွက်နေ ထွန်းအောင်ကျော်(၄၃)နှစ် မောင်းနှင်ပြီး ခရီးသည်များ လိုက်ပါလာသည့် MDY-14/1J-XXXX JINBEI ခရီးသည်တင်မော်တော်ယာဉ်သည် ကလောမြို့မှ သာစည်မြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ဘရိတ်ပေါက်၍ လမ်းဝဲဘက်ခြမ်း ပေ ၃၀ ခန့်အနက်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေါ်သန်းသန်းဦး(၆၉)နှစ်၊ မသန္တာဦး(၂၈)နှစ်၊ မောင်အံ့ဘုန်းသွင်(၈)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ထွန်းအောင်ကျော်ပါ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၄ ဦး တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ထွန်းအောင်ကျော် အား ကလောမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
ကြေငြာချက်များ
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန / Posted on March 03, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Myanmar National Human Rights Commission Statement No. ( 2 / 2026)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on March 02, 2026
The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 02, 2026
