ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားရှည် ကိုင်ဆောင်ရမ်းကားနေသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 14, 2025


     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားရှည် ကိုင်ဆောင်ရမ်းကားနေသူ အမျိုး သား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် နံနက် ၁ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် လားရှိုးမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၌ အဆိုပါရပ်ကွက်နေ အားဆိုင်(၄၃)နှစ်အား အရိုး/အသွား ၂၂ လက်မခန့်ရှိ ဓားရှည် တစ်ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အားဆိုင်အား လားရှိုးမြို့မရဲစခန်း၌လည်းကောင်း။ 

     အလားတူ နံနက် ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အမရပူရမြို့နယ်၊ မင်းစုကျေးရွာထိပ် လမ်းမပေါ်အရောက်၌ အဆိုပါကျေးရွာနေ စိုးနိုင်ဝင်း(၃၇)နှစ်အား အရိုး/အသွား ၂၆ လက်မခန့်ရှိ ဓားရှည် တစ်ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စိုးနိုင်ဝင်းအား မြစ်ငယ်နယ်မြေရဲစခန်း၌လည်းကောင်း လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၃/ ၂၀၂၅)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on October 15, 2025

Myanmar National Human Rights Commission Statement No (13/ 2025)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on October 15, 2025

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023