ဝါးခယ်မမြို့ရှိ ဒေါ် ပိုက်မိဘိုးဘွားရိပ်သာနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးများ၌ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 24, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ရှိ ဒေါ် ပိုက်မိဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာမှ တာဝန်ရှိသူများ၊ ဘိုးဘွားများနှင့် တွေ့ဆုံသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဘိုးအဘွားများအနေဖြင့် မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်မဲပေး နိုင်ရေး၊ နိုင်ငံသားကတ်ပျောက်ဆုံး၊ ပျက်စီးပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ ပြန်လည်လျှောက်ထားရယူကိုင်ဆောင်နိုင်ရေး၊ အဘိုးအဘွားများ၏ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ဆောင်ရွက်ထုတ်ပေးနိုင်ရေး၊ အဘိုးအဘွားများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုမေးမြန်းပြီး အဘိုးအဘွားတစ်ဦးချင်းထံ အလှူငွေနှင့် စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ ဘိုးဘွားရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံပြီး  လက်ရှိနိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကြိုးပမ်းဆောင်ရွက်နိုင်ရေး၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ကတ်ပျောက်ဆုံး၊ ပျက်စီးပါက သက်ဆိုင်ရာလဝကရုံးသို့ ဆက်သွယ်လျှောက်ထားဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ဝါးခယ်မမြို့ မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းတိုက်ရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ လူငယ်လေးများအနက် အသက်ပြည့်မီသူ လူငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023