သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ရှေ့နေ Sam Blom-Cooper ၏ ချေပလျှောက်လဲချက်
သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ရှေ့နေ Sam Blom-Cooper ၏ ချေပလျှောက်လဲချက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 21, 2026
ဂမ်ဘီယာအနေဖြင့် သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေသည့် ကျူးလွန်မှု (actus reus)ရှိကြောင်းနှင့် စပ်လျဉ်း၍ သက်သေပြနိုင်ခြင်းမရှိကြောင်း၊ ထို့ပြင် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ရန်အတွက် အကာအကွယ်ပေးရမည့်အုပ်စုကို ရုပ်ပိုင်းဆိုင်ရာသို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးလိုသည့် သီးခြားရည်ရွယ်ချက်(dolus specialis)ဖြင့် ကျူးလွန်ခဲ့ခြင်းရှိကြောင်း သက်သေပြရမည် ဖြစ်သော်လည်း သက်သေပြနိုင်ခြင်းမရှိကြောင်း။
ဂမ်ဘီယာ၏ သက်သေပြချက်များသည် တိကျရေရာမှုမရှိသော FFM အချက်အလက်များကိုသာ အခြေခံထားကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာကတင်ပြသော အထောက်အထားများအပေါ် ခိုင်မာသောသက်သေများအဖြစ် မှတ်ယူ၍မရကြောင်း၊ ဂမ်ဘီယာ၏ဖော်ပြချက်များသည် အမည်မသိသူများ၏ တစ်ဆင့်ကြားစကားများကိုသာ စုစည်း၍ပြုစုထားသော FFM အစီရင်ခံစာနှင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း၌ နေသောသူများအား interview ထားသည့် မှတ်စုများကိုသာ အခြေခံ၍ ဖော်ပြထားပါကြောင်း။
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကာလတွင်း ARSA ၏အကြမ်းဖက်လှုပ်ရှားမှုနှင့် အကြမ်းဖက်မှုများရှိခဲ့သော်လည်း မျက်ကွယ်ပြုခဲ့ကြောင်း၊ အကာအကွယ်ပေးရမည့် အုပ်စုများကို သတ်ဖြတ်ခြင်းနှင့်စပ်လျဉ်း၍ Genocide Convention Article II(a) တွင် ဖော်ပြထားသော သတ်ဖြတ်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုရှိရမည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်ရမည် ဟုဆိုသော်လည်း၊ စစ်ရေးတိုက်ခိုက်မှုများကို အင်အားသုံး၍ ပြန်လည်ခုခံရာမှ ဖြစ်ပေါ်လာသော အရပ်သားသေဆုံးမှုများသည် Article II(a) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း ကျရောက်ခြင်းမရှိကြောင်းကို Croatia အမှုတွင် ဆုံးဖြတ်ထားပါကြောင်း။
ယခုအမှုတွင် ဂမ်ဘီယာက လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲထားသော်လည်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း အကြမ်းဖက်လုပ်ရပ်များရှိခဲ့သည်ဟု ဂမ်ဘီယာက စွပ်စွဲသော်လည်း အရေအတွက်မည်မျှသေဆုံးသည်ကို ခွဲခြား၍မပြောနိုင်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ စစ်ဆင်ရေးကာလအတွင်း လူပေါင်း ၁၀၀၀၀ ကျော် ခန့်သေဆုံးခဲ့သည်ဟုသာ FFM အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်းသာ ယေဘုယျအားဖြင့် ပြောနိုင်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် သေဆုံးခဲ့သောဖြစ်စဉ်နှင့် စပ်လျဉ်း၍လည်း အတိအကျမပြောနိုင်ကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာကတင်ပြသည့် အထောက်အထားများသည် Genocide Convention Article II(a) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်မှုမရှိပါကြောင်း။
၂၀၁၇ ခုနှစ် ဩဂုတ်လမတိုင်မီ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူဦးရေသည် ၁ ဒသမ ၄ သန်း ရှိသော်လည်း Article II(a) အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကျုံးဝင်ရန်ရှိရမည့် သီးခြားအသတ်ခံရသည့်သူများ၏ မြောက်များစွာသောအရေအတွက်ကို သီးခြားဖော်ပြနိုင်ခြင်းမရှိကြောင်း၊ အကာအကွယ်ပေးရမည့် အုပ်စုအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးခြင်းပြုခဲ့သည့်အရေအတွက် အားဖော်ပြနိုင်ခြင်းမရှိကြောင်း၊ အကာအကွယ်ပေးရမည့် အုပ်စုအပေါ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်းနှင့်စပ်လျဉ်း၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ဖြစ်ပွားသော ထိခိုက်သေဆုံးမှုများသည် Article II(b) တွင် ဖော်ပြထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ARSA အကြမ်းဖက်မှုအပေါ် တုံ့ပြန်သည့် စစ်ဆင်ရေးအတွင်း သေဆုံးမှုများသည်လည်း ဤအဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း အကျုံးဝင်ခြင်းမရှိသဖြင့် ဂမ်ဘီယာ၏စွပ်စွဲချက်သည် မှန်ကန်မှုမရှိပါကြောင်း။
ဂမ်ဘီယာ၏ သက်သေအထောက်အထားများသည် Article II(b) ပါ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း သက်သေပြရမည်ဖြစ်သော်လည်း သက်သေပြနိုင်ခြင်း မရှိကြောင်း၊ Genocide Convention ပါ အကာအကွယ်ပေးရမည့် အုပ်စု၏ အသက်ရှင်ရပ်တည်နိုင်မှု အခြေအနေကို ဖျက်ဆီးခြင်းနှင့် စပ်လျဉ်း၍ ဂမ်ဘီယာအနေဖြင့် အကာအကွယ်ပေးရမည့် အုပ်စုများအတွက် အစားအစာ၊ ဆေးဝါးနှင့်အဝတ်အထည်များရရှိရန် ကန့်သတ်ထားကြောင်းနှင့် လွတ်လပ်စွာသွားလာမှုအပေါ် ကန့်သတ်ချက်များ ဆောင်ရွက်ခဲ့ကြောင်းကို FFM အစီရင်ခံစာအပေါ် အခြေခံ၍စွပ်စွဲ ပြောဆိုခဲ့သော်လည်း မှန်ကန်မှုမရှိကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ARSA တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း အစားအစာ၊ ဆေးဝါးများကို ဆက်လက်၍ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဘင်္ဂါလီအချို့ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ပြောင်းသွားခြင်းသည် အုပ်စုတစ်စုလုံးကိုဖြစ်စေ တစိတ်တပိုင်းကိုဖြစ်စေ ဖျက်ဆီးခြင်း၏ ရလဒ်ဖြစ်ကြောင်းကို သက်သေပြနိုင်ခြင်းမရှိကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဘင်္ဂါလီလူမျိုးများအပေါ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးရာတွင် မည်သည့်အတိုင်းအတာအထိ ဖျက်ဆီးခဲ့သည်ကို ဖော်ပြခဲ့ခြင်းမရှိကြောင်း၊ ထင်ရှားသောသက်သေများက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂါလီများဆက်လက်ရှင်သန်နေထိုင်လျက်ရှိကြောင်းကို ဂမ်ဘီယာကတင်ပြသော သက်သေများ၏ ၉၃ ရာခိုင်နှုန်းခန့်သည် လက်ထပ်ထားသောသူများဖြစ်ပြီး ၉၁ ရာခိုင်နှုန်းခန့်သည် ကလေးအမြောက်အများ မွေးဖွားနိုင်သည့် မိဘများဖြစ်နေသည်မှာ သိသာထင်ရှားစွာညွှန်ပြနေကြောင်း။
ဂမ်ဘီယာအနေဖြင့် IDP စခန်းများအတွင်း ဘင်္ဂါလီများအပေါ် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုရှိကြောင်း၊ သွားလာမှုကန့်သတ်ချက်ရှိကြောင်း၊ အသက်ရှင်နေထိုင်ရေးအတွက် ရေ၊ အစားအစာရရှိနိုင်ရေးကို ကန့်သတ်ခံရသည်ဟု စွပ်စွဲထားသော်လည်း အဆိုပါ စွပ်စွဲချက်အပေါ် သက်သေပြနိုင်ခြင်းမရှိကြောင်း၊ အကာအကွယ်ပေးရမည့် အုပ်စုများအပေါ် ရက်စက်သည့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အဓမ္မပြုကျင့်မှုများသည် အကာအကွယ်ပေးရမည့် အုပ်စုများ၏ ကလေးမွေးဖွားမှုများကို တားဆီးရန် ရည်ရွယ်သည့်လုပ်ရပ်များဖြစ်သည်ဟု ဂမ်ဘီယာကစွပ်စွဲထားကြောင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် အဓမ္မပြုကျင့်မှုများသည် အကာအကွယ်ပေးရမည့် အုပ်စုများ၏ မျိုးဆက်ပြန့်ပွားမှုများ ထိခိုက်စေနိုင်သည့် အနေအထားမျိုးဖြစ်ရမည်ဖြစ်ကြောင်းတို့ကို သက်သေအခိုင်အမာ တင်ပြရမည်ဖြစ်သော်လည်း ဂမ်ဘီယာအနေဖြင့် တင်ပြနိုင်ခြင်းမရှိဘဲ အခြေအမြစ်မရှိသော ပြောဆိုချက်ကိုသာ ပြောဆိုခဲ့ကြောင်း။
ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုအား ရည်ရွယ်ချက်ရှိရှိကျူးလွန်ခြင်းဖြစ်ကြောင်းကို သက်သေပြနိုင်ခြင်းမရှိပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် နိုင်ငံ၏စီမံချက်၊ မူဝါဒနှင့်ညွှန်ကြားချက်များသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု သက်သေပြရမည်ဖြစ်သော်လည်း သက်သေပြနိုင်ခြင်း မရှိကြောင်း၊ ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သက်သေပြရမည် ဖြစ်သော်လည်း အဆိုပါစနစ်တကျကျူးလွန်ခဲ့သည့် အခြေအနေရှိခဲ့သည်ကို သက်သေပြနိုင်ခြင်းမရှိကြောင်း၊ ARSA အဖွဲ့၏ အကြမ်းဖက်မှုအပေါ် တုံ့ပြန်သည့် အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ကာလအတွင်း ARSA အကြမ်းဖက်များမှ တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ခိုက်လာသဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် အကာအကွယ်ပေးရမည့် အုပ်စုများအပေါ် ရည်ရွယ်ချက်ရှိရှိ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးခြင်းမရှိကြောင်း။
ARSA ၏အကြမ်းဖက်မှုအပေါ် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်နှင့် စပ်လျဉ်း၍ ARSA အဖွဲ့သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကာလအတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ရှိ နယ်မြေ ၅၀ အား စနစ်တကျစုစည်းမှုဖြင့် တချိန်တည်းတပြိုင်တည်း တိုက်ခိုက်ခဲ့ပါကြောင်း၊ အဆိုပါ ARSA အဖွဲ့တွင် ထောင်ပေါင်းများစွာသော အကြမ်းဖက်အဖွဲ့ဝင်များပါဝင်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ARSA ၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ရသည်မှာ သက်သေထင်ရှားပါကြောင်း။
အကြမ်းဖက်မှုစစ်ဆင်ရေးသည် လူမျိုးသုဉ်းသတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊ ၂၀၁၆ ခုနှစ်ကာလတွင် ARSA မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်တိုက်ခိုက်လာသဖြင့် ပြန်လည်တုံ့ပြန်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ရာတွင် လက်လုပ်မိုင်းများနှင့် လက်နက်များဖြင့် တိုက်ခိုက်ခဲ့သော်လည်း အဆိုပါတိုက်ခိုက်မှုများအပြီး မြန်မာတပ်မတော်အနေဖြင့် သိသာထင်ရှားသည့် တပ်ဖြန့်ချထားမှုမရှိကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်အဖွဲ့ကို တုံ့ပြန်တိုက်ခိုက်ရာတွင် ယခင်တိုက်ခိုက်မှုများထက်ပိုပြီး ပြင်းထန်မှုမရှိကြောင်း၊ ထိုသို့ အကြမ်းဖက်မှုစစ်ဆင်ရေးကို စတင်ရခြင်းအကြောင်းအရင်းသည်လည်း ARSA တိုက်ခိုက်မှုအပေါ် ပြန်လည်တုံ့ပြန်ရန်ဖြစ်ကြောင်း။
ထိုသို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့သော်လည်း၊ ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည်ဟုသာ ပြောဆိုသော်လည်း မည်ကဲ့သို့ သို့မဟုတ် မည်သည့်အတွက်ကြောင့် ကျူးလွန်ကြောင်းကို ရှင်းပြနိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးမတိုင်မီဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ ဂမ်ဘီယာက ၂၀၁၆ ခုနှစ်တိုက်ခိုက်မှုများ နောက်ပိုင်းတွင် လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်အဖြစ် ဘင်္ဂါလီများနေထိုင်သော အိမ်များရှေ့ရှိ အကာအရံများအား ဖယ်ရှားရန်၊ ဓါးနှင့် လက်နက်များအား သိမ်းဆည်းရန်၊ ဘင်္ဂါလီများနှင့် ဘင်္ဂါလီ မဟုတ်သော သူများနေထိုင်သည့် ဒေသများတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခြင်းများဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲထားသော်လည်း အဆိုပါအမိန့်များသည် ဘင်္ဂါလီများကိုသာ သီးခြားထုတ်ပြန်ထားသည့် အမိန့်ဖြစ်သည်ဟု ဂမ်ဘီယာအနေဖြင့် တိတိကျကျဖော်ပြနိုင်ခြင်းမရှိကြောင်း၊ မြန်မာအနေဖြင့် ဘင်္ဂါလီလူမျိုးများအပေါ် လူဦးရေနည်းပါးစေရန် နည်းလမ်းတစ်ခုဖြစ်သော အစာအာဟာရ ဖြတ်တောက်ခြင်းနည်းလမ်းကို အသုံးပြုခဲ့သည်ဆိုသော ဂမ်ဘီယာ၏စွပ်စွဲချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဘင်္ဂါလီများအတွက် အစားအစာနှင့်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည့် သက်သေအထောက် အထားများရှိသဖြင့် ဂမ်ဘီယာစွပ်စွဲချက်သည် မှန်ကန်မှုမရှိကြောင်း။
ထို့ကြောင့် ဂမ်ဘီယာစွပ်စွဲသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ရန် စနစ်တကျ ဆောင်ရွက်ခဲ့သည်ဆိုသော စွပ်စွဲချက်သည် မှန်ကန်မှုမရှိဘဲ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်သည့် အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားကြောင်း၊ အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေး၏ ပထဝီဝင်အနေအထားနှင့်စပ်လျဉ်း၍ ARSA လှုပ်ရှားသောနေရာများနှင့် စစ်ဆင်ရေးပြုလုပ်သည့် နေရာများမှာတူညီမှုရှိခဲ့ပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော နေရာ ၄၆ ခုနှင့်စပ်လျဉ်း၍ အဆိုပါ နေရာများတွင် ARSA ၏ အကြမ်းဖက်လှုပ်ရှားမှုများရှိခဲ့ကြောင်း။
ARSA လှုပ်ရှားမှုမရှိသောနေရာများတွင် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးမရှိခဲ့ပါကြောင်း၊ နေရာ ၄၆ ခုတွင် ဂမ်ဘီယာ စွပ်စွဲထားသည့် အကြမ်းဖက်မှုနှင့် အသက်ဆုံးရှုံးမှုသည် မရှိသလောက်နည်းပါးပါကြောင်း၊ အဆိုပါအချက်အပေါ် ဂမ်ဘီယာအနေဖြင့် ချေဖျက်နိုင်ခြင်းမရှိကြောင်း၊ စွပ်စွဲထားသော ပြစ်မှု၏အတိုင်းအတာအရေအတွက်နှင့် စပ်လျဉ်း၍ ဂမ်ဘီယာက အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးကာလအတွင်း လူပေါင်းများ စွာသတ်ဖြတ်ခဲ့သည်ဟု ဂမ်ဘီယာ၏စွပ်စွဲချက်သည် မှန်ကန်မှုမရှိကြောင်း။
FFM အစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း တပ်မတော်၏ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးကြောင့် လူပေါင်း ၁၀၀၀၀ ကျော်သေဆုံးခဲ့ကြောင်း သုံးသပ်ဖော်ပြထားသည်ဟု ဂမ်ဘီယာက စွပ်စွဲထားသော်လည်း အဆိုပါစွပ်စွဲချက်နှင့်ဆန့်ကျင်၍ မြန်မာနိုင်ငံ၏ မှတ်တမ်းများအရ လူပေါင်း ၅၂၀ သေဆုံးကြောင်း၊ အဆိုပါ သေဆုံးမှုတွင် ၃၇၆ ယောက်သည် ARSA အကြမ်းဖက်များဖြစ်ပြီး ၁၃၁ ယောက်သည် ဟိန္ဒူ၊ ဘင်္ဂါလီနှင့် ဒေသခံတိုင်းရင်းသားများနှင့် ၁၃ ယောက်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်ကို FFM က ဖော်ပြရန်ပျက်ကွက်ခဲ့ကြောင်း၊ ဘင်္ဂါလီများသည် ၁ ဒသမ ၄ သန်းရှိကြောင်း၊ ဘင်္ဂါလီ ၁ ဒသမ ၄ သန်းရှိသော်လည်း ဂမ်ဘီယာ စွပ်စွဲသကဲ့သို့ လူ ၁၀၀၀၀ သေဆုံးမည်ဆိုပါက Croatia အမှုနှင့် နှိုင်းယှဉ်လျှင် ၀ ဒသမ ၇ ရာခိုင်နှုန်းသာရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူမျိုးသုဉ်းသတ်ဖြတ်ခဲ့သည်ဆိုသည့် ဂမ်ဘီယာ၏ စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း။
အကာအကွယ်ပေးရမည့်အုပ်စုအား ဖျက်ဆီးရန် အခြားသောအခွင့်အရေးရှိသည်ဟု ဆိုသောစွပ်စွဲချက်နှင့် စပ်လျဉ်း၍လည်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဘင်္ဂါလီများအပေါ် ကျူးလွန်ခြင်းမရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးကြောင့် IDP စခန်းများတွင် ဘင်္ဂါလီမူဆလင် ၁၂၆၀၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသော်လည်း အဆိုပါလူအုပ်စုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ရွှေ့ပြောင်းလာသူများ ဖြစ်ကြောင်းကို သက်သေပြနိုင်ခြင်းမရှိကြောင်း၊ သက်သေအထောက်အထားများအရ မြောက်များစွာသော ဘင်္ဂါလီရွာသားများသည် ၎င်းတို့ နေထိုင်ရာရွာများမှ ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာသွားသောသူများအား မြန်မာ့တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်မှုတစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း။
မြောက်များစွာသော IIMM သက်သေများက ထိုသို့ထွက်ခွာသွားသူများအား မြန်မာ့တပ်မတော်မှ ထွက်ခွာခြင်းမပြုဘဲ တည်ငြိမ်အေးချမ်းသည့် အခြားသောနေရာများတွင် နေထိုင်ရန် တိုက်တွန်းပြောကြားခဲ့သော်လည်း ဘင်္ဂါလီများက ဂရုမစိုက်ဘဲ ထွက်ခွာခဲ့ကြောင်း၊ ဂမ်ဘီယာက စွပ်စွဲထားသကဲ့သို့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုသည် မြန်မာ့တပ်မတော်၏ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ဖြစ်ပွားခဲ့ခြင်းမရှိသကဲ့သို့ အမိန့်ပေးစေခိုင်းခြင်းလည်း မရှိပါကြောင်း၊ မြန်မာ့တပ်မတော်၏ အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးအတွင်း ဘင်္ဂါလီလူမျိုးများအား ဖမ်းဆီးထိန်းသိမ်းခြင်းရှိခဲ့ကြောင်း စွပ်စွဲချက်နှင့်စပ်လျဉ်း၍ မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၆ ခုနှစ် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးကာလအတွင်း ARSA အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သောသူများအား ဖမ်းဆီးထိန်းသိမ်း၍ တရားစွဲဆိုခဲ့ခြင်းများ ရှိခဲ့သော်လည်း ဘင်္ဂါလီလူမျိုးများအား ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးထိန်းသိမ်းခြင်းမဟုတ်ဘဲ ARSA အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်သောသူများဖြစ်သဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း။
ဂမ်ဘီယာမှ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီခေါင်းဆောင်များကို စနစ်တကျပစ်မှတ်ထားခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းရှိခဲ့သည်ဟု စွပ်စွဲထားသော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ အဆိုပါ ဘင်္ဂါလီခေါင်းဆောင်များသည် ARSA အဖွဲ့ဝင်များ၏ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ရန် ကျေးရွာများအတွင်း စည်းရုံးလှုံ့ဆော်မှုများကြောင့် ရံဖန်ရံခါဖမ်းဆီးခံရလေ့ရှိသည်ဟူသောအချက်ကို ဂမ်ဘီယာကဖော်ပြခဲ့ခြင်းမရှိပါကြောင်း၊ ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ အဆောက်အဦများကို တိုက်ခိုက်ခဲ့ခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်ဟု ဂမ်ဘီယာ၏ စွပ်စွဲချက်သည် မှန်ကန်မှုမရှိကြောင်း။
မြန်မာ့တပ်မတော်၏ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးကာလအတွင်း ကျေးရွာများကို စနစ်တကျမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဂမ်ဘီယာ၏စွပ်စွဲချက်သည် မှန်ကန်မှုမရှိပါကြောင်း၊ အဆိုပါမီးလောင်မှုများသည် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ARSA အဖွဲ့ခေါင်းဆောင်က အသံလွှင့်၍ ထောင်ပေါင်းများစွာသော ၎င်း၏ထောက်ခံသူများအား ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ကျေးရွာများအားလုံးအား မီးရှို့ရန်ညွှန်ကြားခဲ့ကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာအနေဖြင့် မြန်မာကလူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သည်ဟုဆိုသော စွပ်စွဲချက်တွင် အလွန်မြင့်မားသည့် သက်သေထင်ရှားပြ သရန်တာဝန်ကို ထမ်းဆောင်ရန်ပျက်ကွက်ပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိကြောင်းကို အကာအကွယ်ပေးရမည့် အုပ်စုအပေါ် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းမရှိကြောင်း။
နေရာ ၃ ခု တွင် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးအခြားနေရာ ၄၃ ခုတွင် စွပ်စွဲထားသည့် သေဆုံးမှုမှာ အလွန်နည်းပါးပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် ၎င်းတို့စွပ်စွဲထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် လူပေါင်း ၁၀၀၀၀ သေဆုံးသည်ဟူသော အချက်နှင့်စပ်လျဉ်း၍ သက်သေမပြနိုင်ကြောင်း၊ Croatia အမှုနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်ပါကြောင်း၊ ARSA အဖွဲ့၏ အကြမ်းဖက်မှုအပေါ် တုံ့ပြန်သည့် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးဖြစ်ကြောင်းကို ဂမ်ဘီယာ၏ကျွမ်းကျင်သူကိုယ်တိုင်က ဝန်ခံထားပါကြောင်း၊ မြန်မာ့တပ်မတော်၏ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများသည် ARSA တိုက်ခိုက်မှုရှိသော နေရာများတွင်သာ ပြုလုပ်ခဲ့ကြောင်း၊ ARSA လှုပ်ရှားမှုမရှိသော နေရာများတွင် ထိတွေ့မှုဖြစ်စဉ်များ မရှိပါကြောင်း။
အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးသည် ရက်ပိုင်းမျှသာကြာပါကြောင်း၊ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် လူသတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဟူသော စွပ်စွဲချက်များ မရှိသည့်အတွက် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သည်ဟူသော စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း၊ မြန်မာအနေဖြင့် ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသော ၁၂၆၀၀၀ ဘင်္ဂါလီလူမျိုးများ၏ တစ်ဦးချင်းစီအပေါ်မူ ထိခိုက်မှုတစ်စုံတစ်ရာမပြုလုပ်ခဲ့ကြောင်း၊ အကယ်၍မြန်မာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့မည်ဆိုပါက အဆိုပါဘင်္ဂါလီလူမျိုးများသည် ဆက်လက်ရှိနေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ဂမ်ဘီယာ၏ စွပ်စွဲချက်သည် FFM ၏ ထင်မြင်ချက်ကိုသာအခြေခံ၍ တင်ပြထားခြင်းဖြစ်ပြီး သက်သေအထောက်အထား တင်ပြနိုင်ခြင်းမရှိပါကြောင်း။
တရားရုံးအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခြင်းမရှိကြောင်းကို တင်ပြထားသည့် သက်သေအထောက်အထားများအပေါ် ဂရုတစိုက်နှင့်မျှတစွာသုံးသပ်၍ ဆုံးဖြတ်လိမ့်မည်ဟု မြန်မာအနေဖြင့် ယုံကြည်ပါကြောင်း ချေပလျှောက်လဲခဲ့ပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 21, 2026
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 21, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 21, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
