သတ္တမအကြိမ်မြောက် ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ စီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2026
image_latest


နေပြည်တော် မတ် ၁၃

သတ္တမအကြိမ်မြောက် ငါးလုပ်ငန်းဆိုင်ရာသုတေသန ရန်ပုံငွေစီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၃၆) ငါးလုပ်ငန်းဦးစီးဌာန ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းသိမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အွန်လိုင်းဖြင့်တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက ပထမအကြိမ် ရန်ပုံငွေစီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအရ ငါးလုပ်ငန်းနှင့်ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သုတေသနရန်ပုံငွေကောက်ခံရရှိသည့် ကျပ်သိန်းပေါင်း ၅၇၆၃၃ ဒသမ ၅၈၂၀၅ မှ သုတေသနလုပ်ငန်းများသို့ ကျပ်သိန်းပေါင်း ၂၁၇၆၁ ဒသမ ၄၁၈ ကို သတ်မှတ်ဘဏ္ဍာရေး စည်းမျဉ်းနှင့် အညီ ခွင့်ပြုချထားပေးခဲ့ပြီး လက်ကျန်ငွေမှာကျပ် သိန်းပေါင်း ၃၅၈၇၂ ဒသမ ၁၆၄ ဖြစ်ကြောင်း၊ ငါးလုပ်ငန်းဆိုင်ရာသုတေသနရန်ပုံငွေ ထူထောင်မှုစာချုပ်အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၏ (၁-၁၂-၂၀၂၂) ခုနှစ်မှ (၃၁-၁၂-၂၀၂၅) ခုနှစ်အထိသုံးစွဲပြီး အသုံးစရိတ်များ၊ ရှင်းတမ်းများကို ဌာနတွင်း သုတေသနရန်ပုံငွေစစ်ဆေးရေးအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ခြောက်ကြိမ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အသုံးစရိတ်များအား တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးကလည်း စစ်ဆေးပြီးဖြစ်ကြောင်း။

လက်ရှိငါးလုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးဆောင်ရွက်သော ရေသတ္တဝါများ၏ ရောဂါဖြစ်ပွားမှုအခြေအနေများအား စမ်းသပ် သုတေသနပြု စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများတွင် ငါးရောဂါကျရောက်ပါက ဆုံးရှုံးမှုတန်ဖိုး လွန်စွာမြင့်မားသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းများအတွက် ပြင်ပမှငါးရောဂါများ ကျရောက်မှုမရှိစေရန်၊ ငါးရောဂါကျရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အပံ့ကောင်းများပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မွေးမြူရေးသုတေသနဦးစီးဌာနမှလည်း ကျွန်းစုစခန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ မတ် ၂၂ ရက်အထိ တနင်္သာရီ ကမ်းရိုးတန်းရေပြင်တွင် ငါးသယံဇာတတည်ရှိမှုကို M.V.SEAFDEC 2 သုတေသနရေယာဉ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကလွင်စခန်းအဆင့်မြှင့်တင်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ထို့အတူ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနတို့ပူးပေါင်းဆောင်ရွက်မည့် ငုပ်ရှပ်၏ မျိုးပွားမှု၊ ရှင်သန်ပေါက်ပွားမှုပျံ့နှံ့တည်ရှိမှုနှင့် ဂေဟစနစ်အား သုတေသနပြုခြင်းစီမံကိန်းကိုလည်း ခွင့်ပြုထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းအနေဖြင့် မြိတ်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင်ကျင်းပခဲ့သော ပင်လယ်ငါးသယံဇာတစီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာ ဖိုရမ် တွင် ဖတ်ကြားတင်ပြခဲ့ကြသည့် သုတေသနစာတမ်းများကို Proceeding စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် ကျင်းပခဲ့သော ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါ မွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကိုလည်း Proceeding စာအုပ်အဖြစ် ဆက်လက်ပုံနှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း၊ ငါးလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် များစွာအထောက်အကူဖြစ်စေသည့် ငါးလုပ်ငန်းဆိုင်ရာ သုတေသန လုပ်ငန်းများကိုလည်း ပိုမိုအကျိုးရှိထိရောက်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသူများက တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မွေးမြူရေးသုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အများပြည်သူသို့ အသိပေးကြေညာခြင်း

နေပြည်တော်ကောင်စီ / Posted on March 13, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ဗီဒီယိုများ