သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 10, 2026
image_latest


သန်လျင်၊ မတ် ၂
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သိပ္ပံနှင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေး၏ ဖက်ဒရယ်ပြည်နယ် လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရပညာရေးအဖွဲ့အစည်းဖြစ်သည့် တွန်(စ်ခ်) ပြည်နယ်အမျိုးသားသုတေသန တက္ကသိုလ် (National Research Tomsk State University - TSU) အဖွဲ့အစည်းနှစ်ခုသည် ပညာရေးနှင့် သုတေသနနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိရန်အလို့ငှာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်တွင် ပညာရေးသည် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကိုသာ ကန့်သတ်ထားသည်မဟုတ်ဘဲ အရည်အသွေးမြင့် ပညာရေး (Quality Education) နှင့် သုတေသနအခြေပြုပညာရေး (Research Based Education) တို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မိမိတို့တက္ကသိုလ် အနေဖြင့် ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒ၊ လမ်းစဉ်များနှင့်အညီ တက္ကသိုလ်နှင့် လုပ်ငန်းခွင် ချိတ်ဆက်ဆောင်ရွက်မှုကို ဦးစားပေးဆောင်ရွက်သည့် တက္ကသိုလ်တစ်ခုအဖြစ်သာမက သုတေသနကို အလေးထားဆောင်ရွက်လျက်ရှိသော တက္ကသိုလ်တစ်ခုအဖြစ်ပါ ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန် ပြင်ပအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ လုပ်ငန်းခွင်သို့ အလည်အပတ် သွားရောက်လေ့လာခြင်း (Industry Visit) နှင့် Paid Internship Program များ ဖန်တီးပေးခြင်းတို့ကို တက္ကသိုလ်နှင့် လုပ်ငန်းခွင်ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒ(၇)ခု အနက် တစ်ခုဖြစ်သည့် “ကောင်းမွန်သော စီမံအုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာမူဝါဒ”ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် “အရည်အချင်းပြည့်ဝသော လူမှုစီးပွားရေးဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ မွေးထုတ်ကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်” ဆိုသည့်အတိုင်း အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် (Human Resources) များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သုတေသနကို အလေးထားဆောင်ရွက်လျက် ရှိသည့် တက္ကသိုလ်တစ်ခုအနေဖြင့် ရှေးရှုဆောင်ရွက်ရာတွင်လည်း သုတေသနစာတမ်းဖတ်ပွဲများ နှစ်စဉ်နှစ်တိုင်း ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန(၄)ခုမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အထောက်အကူ ဖြစ်စေမည့် သုတေသနများကို ပြုစု၍ အသုံးချသုတေသနရလဒ်များ ပေါ်ထွက်လာရေး အလေးအနက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤနားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဖလှယ်မှုများ ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများစွာကို ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သင်ကြားရေးဆရာ၊ ဆရာမများ၏ သုတေသနအရည်အသွေးများ မြင့်မားလာစေပြီး တက္ကသိုလ်၏ ဂုဏ်သတင်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သိပ္ပံနှင့်အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေး၏ ဖက်ဒရယ်ပြည်နယ် လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရပညာရေးအဖွဲ့အစည်းဖြစ်သည့် တွန်(စ်ခ်) ပြည်နယ်အမျိုးသား သုတေသန တက္ကသိုလ် (National Research Tomsk State University-TSU)၊ ပါမောက္ခချုပ်(ကိုယ်စား)၊ ဆေးဘက်ဆိုင်ရာ သတ္ထုများနှင့် မှတ်ဉာဏ်အစားထိုးဆေးများ၊ ဇီဝအင်တာဖေ့စ်များ ဓာတ်ခွဲခန်းအကြီးအကဲဖြစ်သည့် ပါမောက္ခ Ekaterina Sergeevna Marchenko က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးချုပ်ဆိုရခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါနှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးပါက သင်ကြားရေး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ဘွဲ့ကြို၊ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန် ဖလှယ်ခြင်း၊ တစ်သက်တာသင်ယူမှုဆိုင်ရာ အစီအစဉ်များ၊ သင်တန်းများနှင့် Double Degree Program စသည့် ပူးတွဲဆောင်ရွက်ရမည့် အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ လေ့ကျင့်သင်ကြားမှုတွင် လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ သင်ကြားမှုနည်းစနစ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာရေးနှင့်သက်ဆိုင်သည့် ဘာသာရပ်ဆိုင်ရာ နယ်ပယ်အလိုက် သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ သုတေသီများဖလှယ်ခြင်းနှင့် ပူးတွဲသုတေသနလုပ်ငန်း ဆိုင်ရာ အစီအစဉ်များ ဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်ခြင်း၊ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရရှိစေမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် ဆွေးနွေးပွဲများ၊ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပူးပေါင်းကျင်းပနိုင်ရေးအစီအစဉ်များကို ဆောင်ရွက်နိုင်ခြင်း စသည့် ပညာရပ် ဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ ပါမောက္ခချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တွန်(စ်ခ်)ပြည်နယ်အမျိုးသားသုတေသနတက္ကသိုလ်(National Research Tomsk State University-TSU)၊ ဆေးဘက်ဆိုင်ရာ သတ္ထုများနှင့် မှတ်ဉာဏ်အစားထိုးဆေးများ၊ ဇီဝအင်တာဖေ့စ်များ ဓာတ်ခွဲခန်းအကြီးအကဲဖြစ်သည့် ပါမောက္ခ Ekaterina Sergeevna Marchenko ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

ဗီဒီယိုများ