သာပေါင်းမြို့နယ် ရှမ်းချောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
သာပေါင်းမြို့နယ် ရှမ်းချောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 12, 2026
သာပေါင်းမြို့နယ် ရှမ်းချောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
သာပေါင်း၊ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန်၊ ကျေးလက်နှင့်မြို့ပြကွာဟမှုကို လျော့ချနိုင်စေရန်ရည်ရွယ်၍ ရှမ်းချောင်ကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ရှမ်းချောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနှင့် အခြားားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ၊မရှိကိုလည်းကောင်း၊ စာရင်းဇယားများဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းချောင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၅ဦးကို ငွေကျပ် ၂၄၈ သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦးကို ငွေကျပ် ၅၆သိန်း၊ရေလုပ်ငန်းလုပ်ကိုင်သူ ၁၆ဦးကို ငွေကျပ် ၁၀၇သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူနှစ်ဦးကိုငွေကျပ် ၁၁သိန်း၊ စက်ချုပ်လုပ်ငန်းဖြင့်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကို ၆သိန်း၊ စုစုပေါင်း အသင်းသား၊အသင်းသူ ၆၅ဦးတို့အား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်၄၂၈သိန်းထိ ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်က ပြောပြ၍ သိရသည်။
နွဲ့ယဥ်
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
ကြေငြာချက်များ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
အခွန်အယူခံခုံအဖွဲ့ / Posted on March 11, 2026
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
