သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၊ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့ရှိ ဘုရားစေတီများ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်း


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော် / November 17, 2025
image_latest


   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ၁၃-၁၁-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာရှိ ငလျင်ဒဏ်သင့် သမိုင်းဝင်လောကထိပ်ပန်စေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုပြီး စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့်စပ်လျဉ်းသည့် မူဝါဒများအား တင်ပြလျှောက်ထားသည်။

   ထို့နောက် ဒုတိယဝန်ကြီးသည် စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် အလှူတော်ငွေကျပ်သိန်း ၂၀၀ ကို စေတီတော် ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပြီး စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

 

 

   မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ရွှေစောလူးစေတီတော်၊ ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ အနော်ရထာမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့သော ငလျင်ဒဏ်သင့် ရွှေသာလျောင်းစေတီတော်၊ အမရပူရမြို့နယ်ရှိ စစ်ကိုင်းမင်း တည်ထားကိုးကွယ်တော်မူခဲ့သော မဟာဝိဇယရံသီပုထိုးတော်ကြီး မြတ်စွာဘုရား၊ ရှေးဟောင်း သမိုင်းဝင် သံသေကပ်ကျော် ဆုတောင်းပြည့်မြတ်စွာဘုရားများအား ဖူးမြော်ကြည်ညို၍ စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေး ဆိုင်ရာများ‌ လျှောက်ထားပြီး စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် အလှူတော်များကို စေတီတော်ဂေါပကအဖွဲ့များထံ ပေးအပ် လှူဒါန်း၍ ပြန်လည်ပြုပြင်နေမှုများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

 

   ဒုတိယဝန်ကြီးသည် ၁၄-၁၁-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို မြို့ရှိ မဟာပုရိသကျောက်ဂူတောရရိပ်သာကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တကုဏ္ဍလအား ဖူးမြော် ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်ရှိ ရဟန်းသာမဏေများအား နေ့ဆွမ်းလောင်းလှူသည်။

 

 

   ယင်းနောက် ဒုတိယဝန်ကြီးသည် နောင်ချိုမြို့ရှိ သဖန်းကိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

   ထို့နောက် သဖန်းကိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည့် အမျိုးသားနေ့ စာစီစာကုံးပြိုင်ပွဲ၌ ဖြေဆိုနေကြသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူ များအား ကြည့်ရှုအားပေးကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၃ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ပြီး တောင်ကြီးမြို့ ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူ သဖန်းကိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ မောင်တိုးပွားအောင်အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး သဖန်းကိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း ဖော်ပြအပ်ပါသည်။

 

 

 

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on November 12, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on October 31, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on November 17, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023